BEC-TERO TV

တောင်ကိုရီးယားနိုင်ငံရဲ့ အများသုံးယာဉ်လိုင်းတွေပေါ်မှာ ကိုယ်ဝန်ဆောင်တွေအတွက် အာရုံခံအလင်းရောင်များ တပ်ဆင်မည်

14 Jun 2016     1,293 Views


တောင်ကိုရီးယားနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သွားလာရအဆင်ပြေလွယ်ကူစေပြီး ထိုင်ခုံမှာ သက်တောင့်သက်တာ စီးနင်းသွားလာနိုင်စေရေးအတွက် အကူအညီဖြစ်စေမယ့် နည်းစနစ်တစ်ခုကို ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အင်္ကျီိဒါမှမဟုတ် အိတ်မှာချိတ်ထားတဲ့ အထူးပြုလုပ်ထားတဲ့ bluetooth စနစ်သုံး အာရုံခံပစ္စည်းက ယာဉ်တွေပေါ်က ဦးစားပေးထိုင်ခုံတွေရဲ့ အပေါ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်အမှတ်အသားပြ ပန်းရောင်မီးလင်းလာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ၄င်းအမျိုးသမီးဖြစ်သူ ထိုင်ခုံရရှိသွားတာနဲ့ ခုံပေါ်က ပန်းရောင်မီးက ပိတ်သွားမှာ ဖြစ်ပါတယ်။အာရုံခံပစ္စည်းရဲ့ ဘက်ထရီသက်တမ်းက ၆ လ ဖြစ်ပါတယ်။

ခြေထောက်တွေ ဖောရောင်နေပြီး ကျောအောင့်နာကျင်တတ်တဲ၊့ ကိုယ်ဝန်အလေးချိန်ကြောင့် ဟန်ချက်ထိန်းဖို့ ခက်ခဲတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အများသုံးယာဉ်လိုင်းတွေပေါ်မှာ မတ်တပ်ရပ် စီးနင်းရတာ သေးငယ်တဲ့ ဒုက္ခမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်ကို နေရာပေးဖို့တိုက်တွန်းပေးတဲ့ ပန်းရောင်မီးက ထိုင်ခုံမှာစီးနင်းနေတဲ့ ကိုယ်ဝန်ဆောင် မဟုတ်သလို သက်ကြီးရွယ်အိုလည်း မဟုတ်တဲ့သူတွေကို ထိုင်ခုံနေရာဖယ်ပေးဖို့ တိုက်တွန်းတာဖြစ်ပါတယ်လို့ ဘူဆန်မြို့တော် ကောင်စီက ပြောကြားခဲ့ပါတယ်။

ဘူဆန်မြို့ ပန်းရောင်မီး စမ်းသပ်လှုပ်ရှားမှုကို ရထားတွဲတစ်တွဲမှာ ၅ ရက်ကြာစတင် စမ်းသပ်ခဲ့ပြီး မကြာခင်မှာ ရထားအားလုံးနဲ့ အများသုံးယာဉ်လိုင်းအားလုံးမှာ ဒီစနစ်ကို စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ အများသုံးယာဉ်လိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေကို တခြားနိုင်ငံတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ပြဌာန်းထားပါတယ်။

နယူးရော့ခ် မြေအောက်ရထားတွေမှာ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ထိုင်ခုံနေရာဖယ်ပေးဖို့ ကြော်ငြာတွေ ကပ်ထားပါတယ်။ အင်္ဂလန်နိုင်ငံမှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေ ရထားပေါ်မတက်ခင်မှာ “ကလေးငယ် ရထားစီးလာပါတယ်” လို့အဓိပ္ပါယ်ရတဲ့ ကတ်ပြားတစ်ခုကို ပေးလိုက်တာကလည်း တခြားသူတွေ သတိပြုမိပြီး ထိုင်ခုံနေရာပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။Credit:Trend 


14 Jun 2016     1,293 Views




RELATED

Most Popular of International News

Most Popular of NEWS