BEC-TERO TV

ကိုယ်အလေးချိန် အမြန်ကျ ဆေးများ အွန်လိုင်းက မှာယူသုံးစွဲနေသူ ကျောင်းသူတဦး ရုတ်တရက် သေဆုံး

14 Jun 2016     2,342 Views


ကျောင်းပိတ်ချိန် နှစ်လအတွင်း သူငယ်ချင်းတွေ အံ့အားသင့် သွားရအောင် ၀တုတ်မ ဘ၀ကနေ ပိန်နုန်းမြင့် (Express) ပိန်ဆေး တွေကို အင်တာနက်က မှာယူ ပြီးသုံးစွဲ ခဲ့သူ ထိုင်းကျောင်းသူတဦး ရုတ်တရက်အသက်ရူ ရပ်သေ ဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သူမမှန်းထားခဲ့သလို နှစ်လအတွင်းမှာ ကိုယ်အလေး ချိန်တွေကျသွား ခဲ့ပါ တယ် ၊ကျောင်းပြန်ဖွင့်တဲ့အခါ မှာလည်း သူငယ်ချင်းတွေက အံ့သြပြီး သူမကို ၀ိတ်ချ နည်းလမ်းတွေ ၀ိုင်းမေးတာခံခဲ့ရတယ်။ ဘာရောဂါမရှိတဲ့ ထိုင်းကျောင်းသူ ဟာ ပြီးခဲ့တဲ့ တပါတ်က ရုတ်တရက် ရင်တွေတုန် နှလုံးခုံမြန်ပြီး သွေးတက်သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးဌာနကတော့ သေဆုံးသူ ကျောင်းသူဟာပိန်ဆေးတွေရဲ့  ဆေးဒဏ်မခံနိုင်ဖြစ်ပြီး နှလုံးခုံရပ် သေဆုံးခဲ့ရတာဖြစ်တယ်လို့  ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ မိဘတွေက တော့ ပထမပိုင်းမှာ သမီးအခြေအနေကို မသိကြပါဘူး။ ကတုံ ကရင်နဲ့ နတ်ဝင် ပူးသလို ဖြစ်နေတဲ့သမီးကို ၊ဒေသတွင်းကမကောင်းဆိုး ၀ါး တွေ (သရဲ-နာနာဘာဝ-နတ်ဆိုး)တွေ ၀င်စီးလို့  ထင်နေပါသေးတယ်။ နောက်ပိုင်းမှ သေဆုံးသူအခန်းထဲမှာ အင်တာနက်ကနေ မှာ သုံးနေတဲ့ အမြန် ပိန်ဆေး တွေ ရှာတွေ့ သွားခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့  ပါတ်သက်ပြီး ပညာရေးဌာနက ကျောင်းသားမိဘတွေကို မိမိသားသမီးတွေ အသားဖြူဆေး-ပိန်ဆေးတွေကို သုံးစွဲနေခြင်းရှိမရှိ အချိန်ပေး စစ်ဆေးသင်တယ်လို့  တိုက်တွန်းခဲ့ပါတယ်။

Credit : http://www.thithtoolwin.com/


14 Jun 2016     2,342 Views




RELATED

Most Popular of Special or Others

Most Popular of NEWS