ဗြိတိန်ပြည်သူလူထု အချစ်ကို ပိုမိုရရှိသွားတဲ့ မင်းသမီးလေး Charlotte
15 Jun 2016 1,543 Views

Elizabeth ဘုရင်မကြီးရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့ပွဲ ပထမ ပွဲကို ဘတ်ကင်ဟမ်နန်းတော်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ ၁၉၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမရဲ့ ပြန်တမ်းဝင်မွေးနေ့ကတော့ ဇွန်လ ၁၁ ရက် ပါ ။ ဒီပွဲမှာ ဗြိတိန်ရဲ့ မင်းမျိုးမင်းနွယ်အားလုံး စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။
ဘုရင်မကြီးရဲ့ မြစ်တော်လေးနှစ်ဦးကိုလဲ အထူး လူတွေစိတ်ဝင်စားနေကြပါတယ်။ မင်းသားလေး George နဲ့ မင်းသမီးလေး Charlotte တို့ကလည်း ဘွားတော်ကြီးနဲ့အတူ နန်းတော်ရဲ့ လသာဆောင်ကနေ လူထုကို နှုတ်ဆက်ခဲ့ကြပါတယ်။မင်းသမီးလေး Charlotte အတွက်တော့ တော်ဝင်အခမ်းအနားမှာ ပထမဆုံး ပါဝင်ရတာလည်း ဖြစ်ပါတယ်။
အသက် ၁ နှစ်ကျော်သွားပြီဖြစ်တဲ့ Charlotte ဟာ မိခင် ကိတ်မစ်ဒယ်လ်တန်ရဲ့ လက်ပေါ်ကတစ်ဆင့် ပြည်သူတွေကို ပထမဆုံးအကြိမ် လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့တဲ့အတွက် ဗြိတိန်ပြည်သူတွေမှာ Charlotte ကို ပိုပြီးချစ်ခင်လာကြပါတယ်။
သက်တော် ၉၀ ပြည့် အထိမ်းအမှတ်ပွဲကို စစ်ရေးပြအခမ်းအနားတွေ၊ စုရုံးချီတက်တာတွေအပြင် လေယာဉ်တွေကလည်း အလှပြပျံသန်းပြီး ဘုရင်မကြီးကို ဂုဏ်ပြုခဲ့ကြပါသေး တယ်။
Credit:Duwun