BEC-TERO TV

ကိုယ်တိုင်လုပ်လို့ရတဲ့ ရေသန့်ဗူး အဲကွန်း

15 Jun 2016     1,555 Views


ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့တစ်ဖွဲ့တီထွင်လိုက်တဲ့ နည်းဖြစ်ပါတယ်။ Eco-Cooler လို့ခေါ်ဆိုတဲ့ အဆိုပါရေသန့်ဗူး အဲကွန်းကို Daily Mail ကပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။ လုပ်ရမယ့် အဆင့်က ခြောက်ဆင့်ရှိပါတယ်။

အဆင့် ၁ - ရွယ်တူ ရေသန့်ဗူးတွေကို စုရမှာ ဖြစ်ပါတယ်။ အဝကျဉ်းပြီး ခန္ဓာကိုယ်ကြီးတဲ့ ရေသန့်ဗူး ဖြစ်ရပါမယ်။ အဆင့် ၂ - Eco-Cooler တပ်မယ့် ပြတင်းပေါက်အရွယ်အစားကို တိုင်းပါ။၂ မီလီမီတာထူတဲ့ ကတ်ထူပြားတစ်ခုကို ပြတင်းပေါက်အရွယ်အစားတိုင်း ဖြတ်ရမှာ ဖြစ်ပါတယ်။ အဆင့် ၃ - အဖုံးချွတ်ပြီး ရေသန့်ဗူးဝကို တိုင်းပါ။ အဆိုပါအရွယ်အစားတိုင်း ကတ်ထူပြားမှာ အပေါက်တွေ လိုက်ဖောက်ရမှာ ဖြစ်ပါတယ်။ အဆင့် ၄ - ရေသန့်ဗူးကို အလယ်က ဖြတ်လိုက်ပါ။ အဆင့် ၅ - ရေသန့်ဗူးအဖုံးရဲ့ ထိပ်ဝကို ဖြတ်လိုက်ပါ။ ဒီလိုဖြတ်လိုက်မှ ရေသန့်ဗူးကို ကတ်ထူပြားမှာ တပ်တဲ့အခါ အဆင်ပြေပါမယ်။ အဆင့် ၆ - ဖြတ်ထားတဲ့ရေသန့်ဗူးတွေကို ကတ်ထူပြားပေါက်တွေမှာ လိုက်စွပ်လိုက်ပါ။ ထိပ်ဖြတ်ထားတဲ့ ရေသန့်ဗူးဖုံးနဲ့ တစ်ဖက်ကနေ လှည့်စွပ်ပြီး ကြပ်လိုက်ရင်တော့ ပြတင်းပေါက်မှာ တပ်ရုံပဲ ဖြစ်ပါတယ်။

Eco-Cooler ဟာ အပူချိန်ကို ၉ ဒီဂရီဆက်စီးရပ်စ်လောက် လျော့ချပေးနိုင်ပါတယ်။ လေပူတွေဟာ တစ်ဖက် အဝကျယ်တဲ့ဘက်က တွန်းဝင်လာပြီး အခန်းထဲကို အပူချိန်လျော့တဲ့ လေအဖြစ် ဝင်သွားတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရွာအချို့မှာတော့ Eco-Cooler လို့ ခေါ်တဲ့ ရေသန့်ဗူးအဲကွန်းကို အိမ်ထောင်စုပေါင်း ၂၅၀၀၀ တပ်ဆင်ပြီးသွားပြီလို့ သိရပါတယ်။

မူရင်း- http://www.duwun.com.mm/lifestyle/-id5139922.html

ရုပ် / သံ -ကြည့်ရှုရန် https://www.youtube.com/watch?v=jPuh8IFbIzQ

Credit : mayoneyinponepyinmat


15 Jun 2016     1,555 Views




RELATED

Most Popular of Special or Others

Most Popular of NEWS