BEC-TERO TV

Walt Disney World မှ မိကျောင်းရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ၂ နှစ်သား ကလေးငယ်

16 Jun 2016     1,310 Views


အသက် (၂) နှစ် အရွယ်ရှိ Lane Grave ဟာ မိဘတွေ နဲ့ အတူ အမေရိကန် နိုင်ငံ  ဖလော်ရီဒါမြို့မှာ ရှိတဲ့ Walt Disney World သို့ သွားရောက်လည်ပါတ် ခဲ့တာ ဖြစ်ပါတယ် ။ 
 
 
လွန်ခဲ့သော အင်္ဂါနေ့ညမှာ ကောင်လေး ပျောက်ဆုံးကြောင်း သိရှိပြီးနောက် ရှာဖွေမှုများ ပြုလုပ်ရာ ၁၈ နာရီ အကြာတွင် ၎င်း ၏ သက်မဲ့ ခန္ဓာကိုယ်ကို Sea Lagoon ကန် အတွင်း ပြန်လည်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ။ 
 
ကောင်လေးအား ရှာဖွေနေစဉ် အတွင်းမှာ တာဝန်ရှိသူများမှာ မိကျောင်း (၅) ကောင်ကို ဖမ်းဆီးမှုရှိခဲ့ပြီး တိုက်ခိုက်ထားခြင်း ရှိ မရှိ ကို စမ်းသပ်မှုများပြုလုပ် ခဲ့ကြောင်း သိရပါတယ် ။
 
ကောင်လေးလေးက Disney World မှ Sea Lagoon ကန်ရဲ့ ၁၀ ပေအကွာ မှာ ဆော့ကစားနေစဉ် အတွင်း မိကျောင်းမှ လာရောက် တိုက်ခိုက်ခဲ့ကြောင်းကို ဂြိုလ်တု ဓါတ်ပုံများမှ သိရပါတယ် ။ 
 
 
၎င်း ဖြစ်ရပ်ပြီးနောက် World Disney အတွင်း ရှိ ကမ်းခြေများ အားလုံးကို ပိတ်ပင်ခဲ့ပါတယ် ။ 
 
၂၀၁၅ ခုနှစ်အတွင်းတွင် ဖလော်ရီဒါမြို့အတွင်း မိကျောင်း တိုက်ခိုက်၍ သေဆုံး သူ (၂) ဦး ရှိခဲ့ပါတယ် ။ 
 
Source : Daily Mail UK 
 
 

16 Jun 2016     1,310 Views




RELATED

Most Popular of International News

Most Popular of NEWS