BEC-TERO TV

ယူရို ၂၀၁၆ ပြီုင်ပွဲတွေကို ခန့်မှန်းပေးမယ့် ပင်လယ် ဖျံ

16 Jun 2016     1,510 Views


လွန်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက နိုင်မယ့် အသင်းတွေကို ခန့်မှန်းခဲ့တဲ့ Paul ဆိုတဲ့ ရေဘဝဲ လေးကို မှတ်မိကြ ဦးမယ် ထင်ပါတယ် ။ 
 
ဒီတခါမှာ တော့  ပြင်သစ်နိုင်ငံ တိရစ္ဆာန်ရုံမှာ နေထိုင်လျက်ရှိတဲ့ ပင်လယ်ဖျံတစ်ကောင် ဟာ ၂၀၁၆ ယူရိုဖလား ပြိုင်ပွဲ ရဲ့ ကစားပွဲတွေမှာ ဘယ်သူ အနိုင်ရရှိမလဲဆိုတာကို ခန့်မှန်းပေးနေတယ်လို့သိရပါတယ် ။ 
 
သူကလွန်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပြင်သစ် အသင်း ကွာတား ဖိုင်နယ် ရောက်တဲ့ အထိ ကို ဆက်တိုက် ခန့်မှန်းနိုင်မှုများ ပြုလုပ်နိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ် ။ 
 
သူ့ကို ပြိုင်ပွဲဝင် အသင်း တစ်သင်းစီရဲ့ အလံ ပါဝင်တဲ့ ဘောလုံး (၂) လုံး နဲ့ အတူ သရေ လို့ပါဝင် တဲ့ ဘောလုံး (၃)လုံး ကို ရွေးချယ်ခိုင်းခြင်းပဲဖြစ်ပါတယ် ။ 
 
လွန်ခဲ့သော ဇွန်လ ၁၀ ရက်နေ့မှာ စတင်တဲ့ ယူရို ၂၀၁၆ ဖွင့်ပွဲ မှာ အိမ်ရှင် ပြင်သစ် အသင်းကို စတင်ရွေးချယ်ခဲ့ပြီးနောက် မှန်ကန်တဲ့ ရွေးချယ်မှုများကို ဘယ်လောက် ထိ ပြုလုပ်နိုင်မလဲ စောင့်ကြည့်ရမှာပါ။ 
 

 


16 Jun 2016     1,510 Views




RELATED

Most Popular of International News

Most Popular of NEWS