အဆိုတော် Taylor Swift နဲ့ ရုပ်ရှင်မင်းသား Tom Hiddleston တို့ရဲ့ ကမ်းခြေပေါ်က အချစ်ဇာတ်လမ်း
16 Jun 2016 1,595 Views

အသက် ၂၆ နှစ် အရွယ်ရှိတဲ့ ကမ္ဘာကျော် အဆိုရှင် Taylor Swift ဟာ နာမည်ကြီး DJ သမား Calvin Harris နဲ့ လမ်းခွဲပြီး (၂) ပါတ် အကြာမှာ Avenger နှင့် Thor ရုပ်ရှင်ဇာတ်ကားထဲမှ သရုပ်ဆောင်မင်းသား Tom Hiddleston နှင့် အတူ ကမ်းခြေပေါ်မှာ နမ်းနေကြတာကို အများက မြင်တွေ့ခဲ့တာပဲဖြစ်ပါတယ် ။
အမေရိကန် နိုင်ငံ ရှိ Rhode ကျွန်းရဲ့ ကမ်းခြေ တစ်ခုပေါ်မှာ Taylor Swift နဲ့ Tom တို့ဟာ အက်တလန်တစ် သမုဒ္ဒရာ ကို ကြည့်ရှုခံစားရင်းနဲ့ အားရပါးရ နမ်းနေကြတာကို သွားလာသူတွေ က အမိအရ ဓါတ်ပုံ ရိုက်ကူးနိုင်ခဲ့ပါတယ် ။
" သူတို့က တကယ့်ကို စုံတွဲ အသစ်စက်စက် လိုပဲ နမ်းရှိုက်နေကြပါတယ် ။ ကမ်းခြေပေါ်မှာလည်း လူ အယောက် ၂၀ လောက် အသွားအလာရှိနေပါတယ် " လို့ မျက်မြင် တစ်ဦးမှ ဆိုပါတယ် ။
" Tom ဟာ Taylor Swift နဲ့ စတွေ့ တဲ့ အချိန်ကတည်း က အတူသွားအတူ လာပြုလုပ်လျက်ရှိပြီး Taylor Swift ကို အမြဲတမ်း ပန်းတွေ ပို့ပို့ပေးနေတယ်လို့ " Taylor Swift ရဲ့ ရင်းနှီးသူ တစ်ဦးမှ ပြောပြခဲ့ပါတယ် ။