ခရီးအတူထွက်သွား ကြတဲ့ Taylor Swift နဲ့ Tom Hiddleston
17 Jun 2016 1,817 Views

ဇွန်လ ၁၆ ရက် ညနေမှာ Taylor ဟာ ချစ်သူသစ် Tom Hiddleston နဲ့အတူ ခရီးထွက်သွားတာဖြစ်ပြီး ဘယ်ကိုသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။ Rhode ကျွန်းကနေ သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် Taylor Swift ရဲ့ ဂျက်လေယာဉ်ပေါ်တက်သွားတာကို မြင်တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာ ကမ်းခြေမှာ အတူပျော်ရွှင်စွာ အပန်းဖြေခဲ့ကြပြီးတဲ့နောက် နောက်ထပ် အချိန်အတူကုန်ဆုံးဖို့ အစီအစဉ်ချလိုက်တာ သိသာလှပါတယ်။ Taylor ဟာ ကွဲတာ နှစ်ပတ်ကျော်သာ ကြာသေးတဲ့ ရည်းစားဟောင်း Calvin ကို လုံးဝကို မေ့ပစ်လိုက်ပါပြီ။







