BEC-TERO TV

ထိုင်းနိုင်ငံမှ နာမည်ကြီး ကျောင်းထိုင်ဆရာတော်အား ရဲတပ်ဖွဲ့  က ကျောင်း တိုက်အတွင်း ၀င်ရောက်ဖမ်းဆီး

17 Jun 2016     1,290 Views


ထိုင်းနိုင်ငံ ပထုံဌာနီမှ နံမည်ကြီး ၀ပ် ထမကိုင်း ကျောင်း(ပုဂံပြားပျံ)ထိုင် ဆရာတော် ဓမ္မချယို ကို လက်ရဖမ်းဆီး နိုင် ဘို့  ရဲတပ်ရင်း လေးရင်း နဲ့  ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းဘို့  ကြိုးစားနေပါတယ်။ ဆရာတော်ကို ကိုးကွယ်ကြတဲ့ သံဃာတွေနဲ့  ဒကာ-ဒကာမ သောင်းနဲ့ ချီပြီး လူသားတံတိုင်းအဖြစ် ပိတ်ဆို့ ပြီး ဆရာတော်ကို ကာကွယ်ပေးထား တာကြောင့် ကျောင်း တိုက်အတွင်းပိုင်းကို ၀င်မရဖြစ်နေကြောင်း ထိုင်းသတင်းတွေ မှာဖေါ်ပြနေပါတယ်။ ပုဂံပြားပျံ ပုံကျောင်းတိုက်ကြီးဟာ အာရှမှာ ကိုးကွယ်သူအများဆုံး ကျောင်းတော်အဖြစ် ကျော်ကြားခဲ့ပြီး နိုင်ငံတကာ ကိုးကွယ်သူများပြားတဲ့ ကျောင်းဖြစ်ပါတယ်။

ကျောင်းတိုင်ဆရာတော်ဟာ စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး တရားမ၀င်ငွေကြေးတွေကို လက်ခံခဲ့ပြီး ၊ အဖိုးတန် မာစီဒီးကားများ ရောင်ဝယ်မှုမှာ ပါဝင်ပါတ်သက်နေတာ စတဲ့ အမှုတွေ ကြောင့် ဆရာတော်နဲ့ အပေါင်းပါ (၅)ဦး ကို တရားရုံးမှာ လာရောက်ဖြေရှင်းဘို့ အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမယ့် မလာရောက်ခဲ့လို့  ဖမ်းဝရမ်းထုတ်ခဲ့ရပါတယ်။ တရားခံအမျိုးသမီးတဦးကတော့ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်၊ ကျန်တရားခံတွေဖမ်းဆီးနိုင်ခဲ့ပြီးယခု ကျောင်းထိုင်ဆရာတဦးသာ ကျန်ပါတော့ တယ်။

Credit : http://www.thithtoolwin.com/


17 Jun 2016     1,290 Views




RELATED

Most Popular of Special or Others

Most Popular of NEWS