BEC-TERO TV

တရုတ်တွင် ဖမ်းခံထားရချိန်၌ ကိုယ့်ကိုကို သတ်သေရန် အကြိမ်ကြိမ် စဉ်းစားခဲ့ဟု ဟောင်ကောင်စာအုပ်အရောင်းသမားပြော

20 Jun 2016     1,277 Views


ဟောင်ကောင်၊ ဇွန် ၁၉ ။ ။ ပြီးခဲ့သည့်နှစ်အတွင်းက ပျောက်သွားခဲ့သည်ဆိုကာ တရုတ်တွင် အဖမ်းခံခဲ့ရပြီးမှ ပြန်လွတ်မြောက်လာခဲ့သည့် ဟောင်ကောင် စာအုပ်အရောင်းသမား တစ်ဦးက တရုတ်၌ အဖမ်းခံထားရချိန် အကြိမ်ကြိမ် ကိုယ်ကိုကို သတ်သေရန် ကြံစည်မိကြောင်း ပြောသည်။ အသက် ၆၁ နှစ်ရှိ လမ်ဝင်းကျီသည် တရုတ်၏ ခေါင်းဆောင်မှုပိုင်းကို ဝေဖန်သော စာအုပ်များ ရောင်းချသည့် စာအုပ်ဆိုင်မန်နေဂျာတစ်ဦးဖြစ်သည်။

ယင်းသို့ ရောင်းချသော စာအုပ်အရောင်းသမား ငါးဦးကို တရုတ်ဖက်က ဖမ်းဆီးပြီး လများစွာ အကျဉ်းချထားရာတွင် လမ်ဝင်းကျီလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တရုတ်တို့၏ ဟောင်ကောင် စာအုပ်အရောင်းသမားများအား ဖမ်းဆီးခြင်းက နိုင်ငံတကာစာမျက်နှာတွင် အထူးသတင်းများအဖြစ် ဖော်ပြခဲ့သည်။ ၎င်းတို့ကို စာရေးဆရာများနှင့် စာအုပ်ရောင်းချသူများအပေါ် ပစ်မှတ်ထားသည့် တရုတ်ထိပ်တန်းဥပဒေအာဏာပိုင်အုပ်စုတစ်ခုက ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း လမ်က ယူဆသည်။

မတ်လအတွင်းက ဖမ်းထားသူ ငါးဦးအနက် သုံးဦးပြန်လွှတ်ခံရပြီး ပြီးခဲ့သည့် ဇွန် ၂၁ ရက်ကမှ လမ်က ပြန်လည်လွှတ်လာခြင်းဖြစ်ကာ ကျူမင်းဟိုင်ဆိုသူအား ဖမ်းဆီးထားဆဲပင်ဖြစ်သည်။ ၎င်းတို့ကို တရုတ်နိုင်ငံ အရှေ့ပိုင်း နယ်မြေတစ်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်နိုင်ကြောင်း ဖမ်းဆီးခံရစဉ် မျက်နှာစည်း၍ ခေါ်ဆောင်သွားခြင်းခံရသည့် လမ်က ပြောသည်။ ဖမ်းဆီးထားစဉ် ကိုယ်ထိလက်ရောက်နှိပ်စက်ခြင်းများ မရှိသော်လည်း တစ်ယောက်တည်း အကျဉ်းချထားခြင်း၊ မူမမှန်သည့် ဆိုးဝါးသော မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခံရခြင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ညည်းပန်းနှိပ်စက်ခြင်းများကို ခံရကြောင်း လမ်က ပြောခဲ့သည်။ 

Credit : MizzimaDaily/


20 Jun 2016     1,277 Views




RELATED

Most Popular of Special or Others

Most Popular of NEWS