မွေးနေ့ပွဲ ကျင်းပစဉ် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အဆိုတော်
21 Jun 2016 1,596 Views

အသက် ၄၅ နှစ်အရွယ် အဆိုတော် Alejandro Jano Fuentes ဟာ ချီကာဂိုမြို့ရှိ ကျောင်းတစ်ကျောင်း အပြင်ဘက်မှာ ဇွန်လ ၁၆ ရက်က သေနတ်နဲ့ ပစ်ခံရတာ ဖြစ်ပါတယ်။
အမေရိကန် The Voice မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အဆိုတော် ခရစ္စတီးနားဂရမ်မီ အသတ်ခံရပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ဖြစ်ခဲ့တာပါ။ခရစ္စတီးနားက အော်လန်ဒိုမြို့မှာ ဖျော်ဖြေပွဲအပြီး အော်တိုရေးတုန်း လူတစ်ယောက်က ပစ်သတ်ခဲ့ပြီးနောက် အဲဒီလူက သူ့ကိုသူလည်း သတ်သေသွားခဲ့ပါတယ်။
.jpg)
Fuentes မှာ သူငယ်ချင်းတွေနဲ့အတူ ကားထဲကို ဝင်တုန်း သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်က သူ့ကို ကားထဲက ထွက်ဖို့ အမိန့်ပေးပြီး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်မှ ဖမ်းမိထားခြင်း မရှိသေးပါဘူး။

Credit: Duwun





