BEC-TERO TV

နာနတ်ရွက်နဲ့ လုပ်တဲ့ သားရေသား

22 Jun 2016     1,582 Views


သားရေသားနဲ့တူတဲ့ အသားတစ်မျိုးကို နာနတ်ရွက်တွေအသုံးပြုပြီး ထုတ်လုပ်လိုက်ပါတယ်။ Piñatex လို့ခေါ်တဲ့ အဆိုပါအသားကို Ananas Anam ကုမ္ပဏီက ထုတ်လုပ်လိုက်တာဖြစ်ပြီး သားရေသားနဲ့တူရုံမက သားရေသားလိုပါ ခံစားရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကို တည်ထောင်သူ ကာမန်ဟီဂျိုဆာဟာ ဖိလစ်ပိုင်မှာ ဒီဇိုင်းနဲ့ထုတ်ကုန်ဆိုင်ရာ အတိုင်ပင်ခံအဖြစ်လုပ်ဆောင်နေတုန်း နာနတ်ရွက်အမျှင်ရဲ့ ထူးခြားပုံကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ပြီး သားရေနဲ့တူတဲ့ အဆိုပါ Piñatex အသားကို ရရှိခဲ့တာဖြစ်ပါတယ်။ တစ်မီတာပတ်လည်နဲ့ အတော်အသင့်ထူတဲ့ အသားကို ထုတ်လုပ်ဖို့အတွက် နာနတ်ရွက်ပေါင်း ၄၈၀ လိုတယ်လို့ သိရပါတယ်။ လက်ရှိမှာ Piñatex ကို ဆက်လက်တိုးတက်အောင် ပြုလုပ်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Source: www.duwun.com.mm

Credit : mayoneyinponepyinmat/


22 Jun 2016     1,582 Views




RELATED

Most Popular of Special or Others

Most Popular of NEWS