အန္တရာယ်အမျိုးမျိုးအတွက် လေ့ကျင့်ပေးထားတဲ့တရုတ်လေယာဉ်မယ်များ
22 Jun 2016 1,592 Views

နိုင်ငံထဲမှာရှိတဲ့ လေယာဉ်မယ်ဖြစ်ချင်သူတိုင်း ဒီလေ့ကျင့်ခန်းတွေကို လုပ်ရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ ထရပ်ကားတစ်စီးပေါ်ကို သစ်တုံးတွေထမ်းတင်ရပါတယ်။ တစ်ခါတစ်လေ အချင်းချင်း အေးနေတဲ့ရေထဲမှာနပမ်းလုံးရပါတယ်၊ တိုက်ခိုက်ရေးပညာကိုလည်း လေ့လာရပါတယ်။

ဒါပေမယ့် Chengdu East Star Airlines Collegeကကျောင်းသူတွေကတော့ ပင်ပန်းတဲ့ကြားက အပြုံးပွင့်တွေဝေ နေဆဲပါပဲ။ လေယာဉ်ပေါ်မှာအချိန်မရွေး အရေးပေါ်အခြေအနေပေါ်လာနိုင်တာမို့ ဒီလိုမျိုးသင်ပေးထားရခြင်းဖြစ်ကြောင်းလည်း တရုတ်လေကြောင်းလိုင်းတာဝန်ရှိသူများက ဆိုခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ရန်လိုတတ်တဲ့ ခရီးသည် သို့မဟုတ် လေယာဉ်ပြန်ပေးဆွဲမယ့်လူ စတာတွေနဲ့ရင်ဆိုင်ရာမှာ အခုလိုသင်ကြားထားတဲ့ ပညာတွေက အသုံးဝင်မှာ ဖြစ်ပါတယ်။



Credit:Shwemom








