BEC-TERO TV

ဇနီးသည်နဲ့ ကလေးနှစ်ဦး အပါအဝင် လူပေါင်း ၂၀ ခန့်သတ်ခဲ့သည့် အမျိုးသား

22 Jun 2016     1,730 Views


ကိုလံဘီယာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးသည်နဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၀ ဦးကို သတ်မိခဲ့ကြောင်း ဝန်ခံထွက်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ သူ့ရဲ့ဇနီးသည်ကို ရဲတပ်ဖွဲ့က ရှာဖွေရင်းကတဆင့် ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက်ပိုင်း မာတီနက်ဇ်ဘီတန်ကတ်ဆိုတဲ့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ဇနီးသည်အပါအဝင် အသက် ၅ နှစ်နဲ့ ၇ နှစ်အရွယ်ကလေးငယ်နှစ်ဦးကိုလည်းသတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၆ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံရသူ အများစုဟာ အမျိုးသမီးတွေဖြစ်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် ဘယ်လိုဖြစ်စဉ်တွေ ကြုံခဲ့ရလို့ ဒီလိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မာတီနက်ဇ်ရဲ့ လယ်ယာမြေကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာမှာတော့ လက်ဝတ်လက်စားတွေ မြုပ်နှံထားတဲ့ အထုတ်တစ်ထုတ်ကိုလည်း တွေ့ခဲ့ကြပါတယ်။ မာတီနက်ဇ်နေထိုင်ရာ ဂန်းန်မြို့အတွင်းက လူပျောက်တိုင်ကြားခဲ့မှုတွေအတွက်လည်း ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းလျှက်ရှိပါတယ်။

Source & Photo : Duwun - https://m.facebook.com/story.php… 

Credit : mayoneyinponepyinmat/


22 Jun 2016     1,730 Views




RELATED

Most Popular of International News

Most Popular of NEWS