BEC-TERO TV

ထိုင်း အသားငါးဆိုင်များတွင် အသားများ မပုပ်အောင်သုံးနေသည့် လက်ချား မှုန့်  ကျန်းမာရေး အန္တရယ်ရှိကြောင်း ထုတ်ပြန်

22 Jun 2016     1,645 Views


ထိုင်းနိုင်ငံ ပထုံဌာနီ လန်လုကာမြို့ နယ်ဈေးတွေက သားငါးရောင်းဆိုင်တွေကို ထိုင်းကျန်းမာရေးဌာနက က ဇွန်လ ၂၀ ရက်ညနေပိုင်းမှာ ၀င်ရောက် စစ်ဆေးခဲ့ပြီး အသား စိမ်းရောင်ဆိုင် (၃၆) ဆိုင်ကရောင်းနေ တဲ့ အသားစတွေကို ယူပြီးဓါတ်ခွဲခန်းမှာစစ်ဆေးနေကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။ ထိုင်းလူမျိုးတွေ နေ့ စဉ် စားသုံးနေကြတဲ့ သားငါးဈေးတွေ တက်နေချိန်မှာ ကြက်-၀က်-အမဲ အသားတွေ အရောင်စိုပြီးကြာကြာခံအောင် လက်ချား(borax) အမှုန့် သုံးနေကြတယ် လို့ သိရပါတယ်။

ထိုင်းကျန်းမာရေးဌာနရဲ့  ထုတ်ပြန်ချက်မှာ လက်ချားမှုန့်တွေနဲ့ သုံးထားတဲ့ အသားတွေဟာ ရက်ကြာနေခဲ့ရင် အူလမ်းကြောင်းထိခိုက်ပြီး ဆီးမကြာ ခဏသွားခြင်း ၊ခေါင်းကိုက်ခြင်း စတဲ့  သက်ရောက်မှု ရောဂါဖြစ်နေ တာတွေ့ ရှိရ တယ်လို့  ဆိုပါတယ်။ ကျန်းမာရေးဌာနက သားငါးဆိုင်တွေ လက်ချား သုံးတဲ့ဆိုင်တွေကို ထောင်ဒဏ်နှစ်နှစ်နဲ့  ထိုင်းဘတ်ငွေ ၂၀၀၀၀ (ကျက်၇ သိန်းခန့် ) ပေးဆောင်ရမယ်လို့  ပြစ်ဒဏ် ထုတ်ပြန်ထားပါတယ်။

Credit : http://www.thithtoolwin.com/


22 Jun 2016     1,645 Views




RELATED

Most Popular of Special or Others

Most Popular of NEWS