BEC-TERO TV

ကနေဒါ ဓားစာခံသတ်မှု သူပုန်အဖွဲ့ အား ဖိလစ်ပိုင် ရှုတ်ချ

22 Jun 2016     1,703 Views


အဘူဆာယက် ခွဲထွက်ရေး သူပုန် အဖွဲ့က ပြန်ပေးဆွဲခံ ကနေ ဒါဓားစာခံ အား ခေါင်းဖြတ် သတ် ဖြတ်ခြင်း အတွက် ဖိလစ်ပိုင် သမ္မတ က အပြင်း အထန် ရှုတ်ချလိုက် သည်။ ‘အလွန်ရက်စက်ပြီး ကရုဏာ ကင်းသည့် လူသတ်မှု’ အဖြစ် ဘမ် နစ်နို အာကွီနိုက ရှုတ်ချလိုက် ခြင်းဖြစ်ရာ ရောဘတ်ဟော အမည် ရ ဓားစာခံ ကယ်တင်ရေး လုပ်ငန်း မှာ အဆုံးသတ် သွားပြီ ဖြစ်သည်။ ၄င်းမှာ အခြား အနောက်နိုင်ငံသား ၂ ဦး၊ ဖိလစ်ပိုင် နိုင်ငံသား ၁ ဦး နှင့် အတူ ပြီးခဲ့သည့် စက်တင်ဘာ လက ပြန်ပေးဆွဲခံ ရခြင်းဖြစ်ပြီး ပြန်ပေးငွေ သန်းပေါင်း များစွာ တောင်းခံ၍ မရခဲ့သည့် နောက်ပိုင်း ဓားစာခံ တစ်ဦး ဖြစ်သူ ဂျွန်ရစ် ဒယ်ကို ပြီးခဲ့သည့် ဧပြီလက သတ် ဖြတ်ခဲ့ပြီး ဖြစ်သည်။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ဖော်ပြပါ ရောဘတ် ဟော သေဆုံးပြီဟု ယုံကြည်ရ ကြောင်း ပြောသည်။

”အခုဖြစ်ရပ်က အကြမ်းဖက် မှုနဲ့ ခိုးဆိုး လုယက်မှုတွေကို အမြစ် ဖြုတ်ဖို့ အစိုးရရဲ့ သန္နိဌာန်ကို ပိုပြီး ခိုင်မာစေပါတယ်။ ဒီလို ရာဇဝတ် မှုမျိုးတွေ ကို အပြတ် ချေမှုန်းသွား မှာ ဖြစ်ပါတယ်” ဟု သမ္မတ အာ ကွီနိုက ဓားစာခံ သေဆုံးမှုကို အတည်ပြုရင်း ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာက ဒါ ဗာအိုမြို့အနီး အပန်းဖြေ စခန်းတွင် အဘူဆာယက် သူပုန်တို့က ရော ဘတ်ဟော အပါအဝင် ဓားစာခံ များကို ဖမ်းဆီး သွားခြင်းဖြစ်ပြီး ၄င်းတို့ တောင်းသည့် ပြန်ပေးငွေ အချိန်မီ မပေးပါက ယင်းသို့ အသတ်ခံရမည် ဖြစ်ကြောင်း ရိုက် ကူးထား သည့် ဗီဒီယိုကို သူပုန်တို့ က ထုတ်လွှင့်ခဲ့သည်။ ကနေဒါနှင့် ဖိလစ်ပိုင် အစိုးရ တို့က သူပုန်တို့နှင့် ညှိနှိုင်းမှု လုံးဝ မပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ အသတ် ခံရခြင်း ဖြစ်သည်။

ဘုရင် ဂျီ ဘာသာဝင် အများစုနေထိုင်ရာ ဖိလစ်ပိုင်နိုင်ငံ တွင် အဘူဆာယက် အစ္စလာမ် ခွဲထွက်ရေး သူပုန် တို့က လွတ်လပ်သည့် ပြည်နယ် တစ်ခု တောင်းဆိုနေခဲ့ရာ အစိုးရကို ဆန့် ကျင်သည့် အနေဖြင့် နိုင်ငံခြားသား အများအပြား ကို ပြန်ပေးဆွဲခဲ့ကြ သည်။ အဘူဆာယက်ာတို့မှာ နိုင်ငံ မတည်မငြိမ် ဖြစ်စေရန် ဗုံးခွဲမှု များ ကျူးလွန်ခဲ့ရာ ၂ဝဝ၄ ခုနှစ်တွင် မနီလာ ပင်လယ်အော် ဖြတ် ကူးတို့ သင်္ဘော ကို ဖောက်ခွဲ ခဲ့ရာ ခရီးသည် ၁ဝဝ ကျော် သေ ဆုံးခဲ့သည်။

Credit : http://popularmyanmar.com/afpopular/


22 Jun 2016     1,703 Views




RELATED

Most Popular of Special or Others

Most Popular of NEWS