BEC-TERO TV

အိန္ဒိယ နိုင်ငံ ၂၄ နာရီ အတွင်း မိုးကြိုး ပစ်ခတ် ခံခဲ့ရလို့ လူ အယောက် ၈ဝ နီးပါး သေဆုံး

22 Jun 2016     1,677 Views


အိန္ဒိယ နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ဘက်ပိုင်း ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း မိုးကြိုး ပစ်ခတ် ခံခဲ့ရလို့ လူ အယောက် ၈ဝ နီးပါး သေဆုံး ခဲ့ရတယ်လို့ အိန္ဒိယ အစိုးရက ထုတ်ပြန် ပါတယ်။ သေဆုံးမှု အများစုဟာ ဘီဟားပြည်နယ်ထဲ ဖြစ်ပေါ် ခဲ့တယ်လို့ ဆိုပါတယ်။ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်း နေချိန် လယ်ကွင်းထဲ အလုပ်လုပ်ကိုင် နေကြသူတွေ မိုးကြိုး ထိမှန် ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၄ နာရီ အတောအတွင်း အခုလောက် လူ အရေ အတွက် အများအပြား မိုးကြိုး ပစ်ချ ခံခဲ့ရတာဟာ မကြုံစဖူး ဖြစ်ပါတယ်။

Credit : BBC Burmese


22 Jun 2016     1,677 Views




RELATED

Most Popular of International News

Most Popular of NEWS