BEC-TERO TV

ကင်ဆာအမာရွတ်ရှိနေတဲ့သားအတွက် ပုံစံတူတက်တူးထိုးခဲ့တဲ့ဖခင်

23 Jun 2016     1,654 Views


သားဖြစ်သူက ၂၀၁၅မှာ ဦးနှောက်ကင်ဆာကြောင့် ဦးခေါင်းခွဲစိတ်ခံခဲ့ရပါတယ်။ ဦးခေါင်းမှာ C ပုံသဏ္ဍာန်အမာရွတ်ကြီး ကျန်နေခဲ့ပြီး သူ့ရဲ့သားလေး စိတ်အားငယ်မှာစိုးလို့ ဖခင်က သူ့သားနဲ့ပုံစံတူ တက်တူးကိုခေါင်းမှာ ထိုးခဲ့ပါတယ်။ ဖခင် တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားပါ။

ဖခင်ရဲ့အမည်ကတော့ Josh J-Mash Marshallဖြစ်ပါတယ်။ သူက သူ့ရဲ့သားနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို “ကျွန် တော်နဲ့ ကျွန်တော့်သားလေးတို့ St Baldrick’s Eventကိုရောက်နေတာပါ။ ကျွန်တော့်သားလေးရဲ့ အမာရွတ်ပုံစံအတိုင်း ကျွန်တော်တက်တူးထိုးခဲ့ပါတယ်။ သူရဲ့ confidenceမြင့်စေဖို့ပါ”လို့ ရေးပြီး အွန်လိုင်းမှာ တင်ခဲ့ပါတယ်။

သူကတော့ ၂၀၁၆ရဲ့ #BestBaldDad ဆုကိုလည်း လူပေါင်း ၅၀၀၀ရဲ့မဲပေးမှုနဲ့ရခဲ့ပါတယ်။ “ကျွန်တော့်ကိုမဲပေးခဲ့တဲ့ လူပေါင်း ၅၀၀၀ကိုအထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အမှန်တရားက ကျွန်တော်အခြားအဖေတွေထက်ပိုပြီးကောင်း နေတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အဖေတွေအားလုံးက သားသမီးတွေကို ကူညီဖို့ပဲ စိတ်ထဲရှိတာပါ။

ကျွန်တော့် မျက်စိထဲမှာတော့ ပြိုင်ပွဲဝင်အဖေအားလုံးက အနိုင်ရသူတွေချည်းပါပဲ။”လို့ဆိုခဲ့ပါတယ်။ Joshရဲ့ ဓာတ်ပုံဟာ အင်စတာဂရမ်ပေါ်မှာတော့ ၁၃၀၀၀ likeနဲ့ Commentတွေအများကြီးရှိခဲ့ပါတယ်။ ကွန်မန့်ပေး သူတစ်ယေက်ကတော့ “ဒါက တကယ်ကိုဖခင်တစ်ယောက်ရဲ့ချစ်ခြင်းပါပဲ။ အခုဆိုသူ့သားလေးက သူ့အဖေ သူ့ဘက် မှာရှိနေတဲ့အတွက် ဘယ်တော့မှ အထီးကျန်မှာမဟုတ်တော့ပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Credit:Shwemom


23 Jun 2016     1,654 Views




RELATED

Most Popular of Special or Others

Most Popular of NEWS