BEC-TERO TV

မွေးနေ့မှာ လေဟုန် စီးတဲ့ အဖွားအို

23 Jun 2016     1,355 Views


ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ အသက် ၈၇ ပြည့်တဲ့ အဖွားအို တစ်ယောက်ဟာ သူရဲ့ မွေးနေ့ကို အမှတ်တရဖြစ်စေဖို့ လေထီးနဲ့ အမြင့်ပေ ၁၃,၅၀၀ မှ လေဟုန်စီးခဲ့ပါတယ် ။ 
 
ဂျန်နစ် လက်ဖရီဘီလို့ အမည်ရတဲ့ အဖွား နှင့် သူရဲ့မိသားစုတွေဟာ လေဟုန်စီးမယ့် လေယဉ်မှာ အတူလိုက်ပြီး မွေးနေ့ပွဲကို ကျင်းပခဲ့တယ်လို့သိရပါတယ် ။
 
" ဘာကိုမှ မကြောက်တတ်တဲ့ ကျနော့်အမေ ကတော့ လေယဉ်ပျံပေါ်ကနေ ခုန်ချသွားပြီ " ဆိုတဲ့ စာသားနဲ့ အတူ အဖွားရဲ့ သား ဖြစ်သူက Video ကို youtube ပေါ်တွင်တင်ထားပါတယ် ။
 
အဖွားအိုကိုယ်တိုင်မှလည်း " ပထမဦးဆုံး အတွေ့အကြုံဆိုပေမယ့်လဲ တကယ့်ကို ပြီးပြည့်စုံပါတယ် ။ နောက်တစ်ခေါက် ထပ်ပြီး စီးဖို့လဲ အဆင်သင့်ပါပဲ ။ " လို့ပြောကြားခဲ့ပါတယ် ။ 

23 Jun 2016     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS