BEC-TERO TV

ဒေသခံများကို ခြိမ်းခြောက်လာနေသည့် လူတို့ကိုယ်တိုင်ဖန်တီးထားသော တရုတ်နိုင်ငံမှမျောက်ရွာ

23 Jun 2016     1,300 Views


တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ရှန်းဖန်ရွာလေးတွင် လွန်ခဲ့သောဆယ်စု နှစ်တစ်စုကျော်ခန့်က အာဏာပိုင်များက ၎င်းတို့ရွာကို ကမ္ဘာလှည့်ခရီးသွားလာရောက်လည်ပတ်ရန်နေရာအဖြစ်ဖန်တီးကာ ၀င်ငွေတိုးပွားအောင်လုပ်ဆောင်ကြရန် ဆန်းကြယ်သည့်စိတ်ကူးတစ်ခု ရရှိခဲ့သည်။ ဒေသခံများသည် အစားအသောက်များကိုအသုံးချ၍ ၄၈ ရက်အတွင်း မျောက် ၇၃ ကောင်ကို ရွာထဲသို့ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပြီး အမှန်တကယ်လည်း ၎င်းတို့စိတ်ကူးအတိုင်းအလုပ်ဖြစ်ခဲ့သည်။ ရွာထဲသို့မျောက်များရောက်ရှိလာသည်နှင့် မျောက်ရွာအကြောင်းပျံ့နှံ့သွား ကာ စီးပွားရေးလုပ်ငန်းရှင်များကလည်း ရွာလေးသို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ရောက်ရှိလာခဲ့ကြသည်။နောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ တဖွဲဖွဲရောက်ရှိလာကြပြီး ရွာသားများမှာလည်း ကိုယ့်ရွှေတွင်းကိုယ်တည်ဆောက်မိသကဲ့သို့ ခံစားမိလာခဲ့ကြရသည်။

သို့သော် လွန်ခဲ့သည့် နှစ်နှစ်ခန့်က အဓိကရင်းနှီးမြှုပ်နှံသူကျိုးကျန်းကွေ့ ကွယ်လွန်သွားသည့်အချိန်တွင် ၎င်း၏ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကုမ္ပဏီကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ရွာ သားများမှာလည်း မျောက်များကိုအစာ ကျွေးရန်မတတ်နိုင်သောကြောင့် မျောက်များမှာ မိမိတို့ဘာသာအစာရှာဖွေစပြုလာရသည်။ သို့သော် မျောက်များမှာ မိမိတို့ နှစ်ပေါင်းများစွာနေထိုင်လာသည့်နေရာ ကို မစွန့်ခွာလိုသောကြောင့် လူတို့နေ ထိုင်ရာနေရာများကိုနယ်ချဲ့လိုကာ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လာခဲ့ကြသည်။ ၎င်းမျောက်များသည် အဆင့် ၂ အမျိုးသား ကာကွယ်စောင့်ရှောက်ရေးသတ္တ၀ါများဖြစ်သောကြောင့် ရွာသားများမှာ သတ်ဖြတ်ခြင်းမပြုနိုင်ခဲ့ဘဲ ကျွမ်းကျင်ပညာရှင်များက ရွာပတ်ဝန်းကျင်တွင် ထောင်ချောက်များထားကာ ခြောက်လှန့် သည့်အခါမှ မျောက်ဦးရေထက်ဝက်ခန့်ကို အဝေးသို့မောင်းထုတ်နိုင်ခဲ့သည်။ သို့သော် ရွာအတွင်း မျောက်ကောင်ရေ ၃၀၀ ခန့်ကျန်ရှိနေသေးပြီး ၎င်းမျောက်ရွာလေး ၏ဖြစ်ရပ်က တန်ဖိုးရှိသောသင်ခန်းစာ တစ်ခုကိုပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Credit : pyimyanmarnews/


23 Jun 2016     1,300 Views




RELATED

Most Popular of Special or Others

Most Popular of NEWS