BEC-TERO TV

လေယာဉ်မယ်ဟန်ဆောင်ကာ အွန်လိုင်းမှ ငွေသန်းပေါင်းများစွာ လိမ်သွားခဲ့တဲ့ သူ

23 Jun 2016     1,387 Views


ထိုင်းနိုင်ငံ လေကြောင်းလိုင်းက လေယာဉ် မယ်လို့  ကိုယ်ပိုင်ဖေ့ဘုတ်စာ မျက်နှာမှာဖေါ်ပြထားပြီး မိတ်ဆွေဖြစ်လာတဲ့ သူ အနည်းဆုံး(၁၂)ဦးဆီက ဘတ်ငွေ ၁၀ သန်းကျော် (ကျပ်ငွေသိန်းသုံးထောင်)လိမ်သွားခဲ့သူ အသက် (၃၇ )နှစ်ရှိ ထိုင်းအမျိုးသမီးတဦးကို ချင်းမိုင်း ရဲတွေက သူမပုန်းနေတဲ့နေရာကို လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နစ်ချာ (Nitcha)ဆိုတဲ့ နံမည်နဲ့  လေယာဉ်မယ်ပုံ ၀တ်စားထားပြီး နိုင်ငံတကာ ရူခင်း ပုံတွေ လေယာဉ်မယ်ပုံတွေကို တင်ထားပါတယ်၊ စိတ်ဝင်စားလို့  ဆက် သွယ်လာမယ့် သားကောင်တွေကို စောင့်နေခဲ့တာပါ။ မိတ်ဆွေဖြစ်တဲ့အခါ သူမဟာ ထိုင်းလေကြောင်းလိုင်းက လူကြီးတဦးရဲ့ သမီး ဖြစ်ကြောင်း ယုံကြည်လာအောင်ပြောပါတယ်၊ နိုင်ငံခြားသွားလည်ပါတ်ကြမယ့်သူရှိရင်ဗီဇာလျောက်ပေးမယ်၊ ဈေးနုံးသက် သက်သာသာနဲ့ သွားရမယ်လူဦးရေကန့် သတ်လို့ ၊သူမဖေ့ဘုတ်မှာ ကြောငြာလိုက်တာပါ။

ထိုင်းနိုင်ငံသားတွေ သွားချင်တဲ့ ဥရောပနိုင်ငံတွေမှာ အလည်အပါတ်ဗီဇာရဘို့  လွယ်လှတာမဟုတ်တော့ လူကြီးသားသမီးလုပ်ပေးရင်ဖြစ်နိုင်မယ်ထင်ပြီး သွားဘို့ ကြိုးစားနေတဲ့သူတွေက သူမတောင်းတဲ့ အချက်အလက်တွေပေးကြ ပါတယ်။ နောက်ဆုံးလေယာဉ် လက်မှတ်-လည်ပါတ်စရိတ် အာမခံငွေပြဘို့  ငွေကို ဘဏ်ကနေ လွဲပေးလိုက်ပြီး တဲ့နောက် ငွေထုတ် ပိုက်ပြီး ထွက်ပြေးသွားခဲ့ တာဖြစ်ကြောင်း ရဲတပ်ဖွဲ့  ရဲ့  သတင်းစာ၇ှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆို သွားခဲ့ပါတယ်။

 

Credit : http://www.thithtoolwin.com/


23 Jun 2016     1,387 Views




RELATED

Most Popular of Special or Others

Most Popular of NEWS