ဒဗ္ဗလင်မြို့ ဂီတပွဲမှာ ရီဟားနား သီချင်းဆိုရင်း မျက်ရည်တွေ ကျလာ
23 Jun 2016 1,650 Views

ဒဗ္ဗလင်မြို့ ဂီတပွဲမှာ အဆိုတော် ရီဟားနား သီချင်းဆိုရင်း မျက်ရည်တွေ ကျလာလို့ အောက်က ပရိသတ် တွေ စိုးရိမ် ခဲ့ကြပြီး၊ ရီဟားနား ငိုနေတဲ့ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်တွေ … တွစ်တာ နဲ့ ဖေ့စ်ဘွတ်ခ်တို့လို လူမှု ကွန်ရက် စာမျက်နှာတွေပေါ် ရောက်လာ ခဲ့ပြီး၊ ဘာ့ကြောင့် ငိုရတာလဲ ဆိုတဲ့ သို့လော သို့လော အသံတွေ ဆူညံ ခဲ့ပါတယ်။ Anti လို့ နာမည် ပေးထားတဲ့ တေးစီးရီး အယ်လ်ဘမ်သစ် အတွက် ရီဟာနားဟာ ကမ္ဘာ တလွှား လှည့်လည်ပြီး ဖျော်ဖြေ နေတာပါ။ မနေ့ညကတော့ အိုင်ယာလန် မြို့တော် ဒဗ္ဗလင်မှာ ရီဟားနားရဲ့ ဂီတပွဲ ရှိခဲ့ပါတယ်။
ရီဟားနားဟာ ပွဲ စထွက်ဖို့ နာရီဝက် နောက်ကျ ခဲ့သလို Love the Way You Lie ဆိုတဲ့ သီချင်းကို ဆိုနေတုန်း မျက်ရည်တွေ ကျလာတာ ဖြစ်ပါတယ်။ ရီဟားနား ကတော့ အိုင်ယာလန် ပရိသတ်က သူ့ကို လှိုက်လှိုက်လှဲလှဲ ရှိကြလွန်းလို့ အင်မတန် ဝမ်းသာရတယ်လို့ ကျေးဇူး တင်စကား ပြောခဲ့ပါတယ်။ သူ့နာမည်ကို အော်ကြတာ အိုင်ယာလန်မှာ အကျယ်ဆုံး ကြားရတာပဲ၊ ပြီးတော့ တညီတည်းနဲ့ တစ်သံတည်းလို ဟိန်းထွက် လာတယ်လို့ ရီဟားနားက ဆိုပါတယ်။
.jpg)
Credit : BBC Burmese





