BEC-TERO TV

နော်ဝေးနိုင်ငံမှ တွန့်လိမ်နေသော တံတားနှင့် လမ်းသည် ဥရောပ၏ အကောင်းဆုံးလမ်းအဖြစ် သတ်မှတ်ခံရ

24 Jun 2016     2,849 Views


နော်ဝေးနိုင်ငံမှ Atlantic Ocean Road သည် နာမည်ကျော်နေရာတစ်ခု မဟုတ်သော်လည်း ကျွမ်းကျင်ပညာရှင်များက ဥရောပ၏ အကောင်းဆုံးလမ်းအဖြစ် သတ်မှတ်ပေးခဲ့ကြသည်။ ရာသီဥတုအခြေအနေ၊ ရှုမျှော်ခင်း၊ တွန့်လိမ်နေသောတံတားနှင့်လမ်းအကွေ့အကောက်များ၊ လမ်းကောင်းမွန်မှုစသည့်အချက်အလက်များပေါ်မူတည်၍ Atlantic Ocean Road သည် ဥရောပ၏အကောင်းဆုံးကားလမ်း အဖြစ်သတ်မှတ်ခံခဲ့ရ ခြင်းဖြစ်သည်။

၅ ဒသမ ၁ မိုင်ရှည်လျားသော စကန်ဒီနေးဗီးယားလမ်းသည် ပင်လယ်ပြင် တွင် ကျွန်းပေါင်းများစွာကို ဖြတ်ကျော်ဆောက်လုပ်ထားကာ ဘေးနှစ်ဖက်တွင် အဝေးမှ တောင်တန်းကြီးများကိုလည်းလှမ်းမြင်နေရမည်ဖြစ်သည်။ ပေါ်တူဂီနိုင်ငံမှLake Como ကို ဖြတ်သန်းမောင်းနှင်ရသောEstoril Ocean Driveက ဥရောပ၏ဒုတိယအကောင်း ဆုံးလမ်းအဖြစ်ရွေးချယ်ခံခဲ့ရပြီး ဂရိနိုင်ငံမှ The Peloponnesus က တတိယအကောင်း ဆုံးလမ်းဖြစ်လာခဲ့သည်။ ကျွမ်းကျင်ပညာရှင်ဒေါက်တာဒေးဗစ်ဟုမ်းက ဥရောပတစ်ဝှမ်းရှိ ကားလမ်းပေါင်း ၁၄၀၀၀ ကိုစစ်တမ်းကောက်ယူပြီးနောက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဓိက အားဖြင့် ရှုခင်းကောင်းမွန်ရန်ရွေးချယ်ခဲ့သည်ဟု သိရသည်။

Credit : pyimyanmarnews/


24 Jun 2016     2,849 Views




RELATED

Most Popular of International News

Most Popular of NEWS