BEC-TERO TV

သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးသံယံဇာတကိုမဖြုန်းတီးတတ်တြဲ့ဗိတိန်တော်ဝင်ချွေးမကောင်းလေး Kate

27 Jun 2016     1,391 Views


Kate ဟာကမ္ဘာနာ့မည်ကျော်မီဒီယာတွေရဲ့ခေါင်းစီးပိုင်းကိုအပြတ်နေရာယူခဲ့ပါတယ် ။ အကြောင်းကတော့သူမဟာ ၂၂ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပရဟိတပွဲမှာလွန်ခဲ့တဲ့ ၅ နှစ်က၀တ်ဆင်ခဲ့တဲ့ဂါဝန်ကိုပြန်ဝတ်ခဲ့လို့ပဲဖြစ်ပါတယ်။Kate ဟာပွဲတွေမှာလည်းပေါ့ပေါ့ပါးပါးအ၀တ်အစားတွေကိုစမတ်ကျကျဝတ်တတ်ရုံသာမကကလေးနှစ်ယောက်မိခင်ဖြစ်တဲ့သူမရဲ့ခန္ဓာကိုယ်အချိုးအစားကိုလည်းထိန်းထားနိုင်ဆဲပါ။

သာမန်မိသားစုကမွေးဖွားလာတဲ့ Kate ကတော်ဝင်မိသားစု၏ချွေးမဖြစ်သွားပေမဲ့ ပြည်သူတွေနဲ့အမြဲရင်းရင်းနှီးနှီးနေတတ်တဲ့ အပြင်ပြည်သူတွေဝတ်လေ့ရှိတဲ့တံဆိပ်တွေကိုလည်းဝတ်တတ်ပါသေးတယ်။ဒါ့အပြင်အကျီတစ်စုံကိုလည်းမတူညီတဲ့ပွဲတွေမှာအခြားအလှဆင်ပစ္စည်းလေးတွေနဲ့ပေါင်းစပ်ပြီးဖက်ရှင်ဒီဇိုင်းအသစ်ပုံစံအသွင်ပြောင်းကာထပ်ခါထပ်ခါဝတ်တတ်ပါသေးတယ်။

တကယ့်ကိုသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတတ်တဲ့အပြင်မဖြန်းတီးတတ်တဲ့တော်ဝင်ချွေးမကောင်းလေးဖြစ်တဲ့သူမရဲ့ဖက်ရှင်အမြင်ကိုလည်းမိန်းကလေးတွေအတုယူသင့်တယ်လို့မကြာခဏအပြောခံရသူပါ။

Credit:china.com


27 Jun 2016     1,391 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment