BEC-TERO TV

မက်ဒေါနားဆီက အမွေရတဲ့ ကောက်ကြောင်းအလှကို ပြခဲ့တဲ့ သမီးငယ် လော့ဒက်စ်

27 Jun 2016     1,619 Views


မက်ဒေါနားနဲ့ သရုပ်ဆောင် ကာလိုလီယွန်တို့ရဲ့ သမီးဖြစ်ပါတယ်။ လော့ဒက်စ်ဟာ မိခင်ဖြစ်သူ မက်ဒေါနားရဲ့ နာမည်ကြီးတဲ့ ကောက်ကြောင်းထက်တောင် လှပသူ ဖြစ်ကြောင်း သက်သေပြလိုက်တာပါပဲ။ အသက် ၁၉ နှစ်အရွယ်ရှိ သူမဟာ လန်ဒန်မြို့ပေါ်က လမ်းပေါ်မှာ စွပ်ကျယ်ကို အတွင်းခံမပါဘဲ ဝတ်ရင်း သူမရဲ့ ပကတိအလှကို ပြသခဲ့တာ ဖြစ်ပါတယ်။ လော့ဒက်စ်ဟာ ထင်ရှားထူထဲနက်မှောင်တဲ့ မျက်ခုံးမွေး၊ ပိတုန်းရောင် ဆံကေသာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ကိုယ်နေဟန်ထားလည်း ရှိသူပါ။

၁၉၇၉ ခုနှစ်မှာ မက်ဒေါနားငယ်ငယ်က ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်လိုက်ရင် သားအမိနှစ်ယောက်ရဲ့ တူညီတဲ့အလှတရားကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ လော့ဒက်စ်နဲ့ မက်ဒေါနားဟာ ဆက်ဆံရေး အလွန်အဆင်ပြေပြီး သူမရဲ့လက်ဆစ်တွေကို ဖြတ်ပြီး အမေလို့ တက်တူးထိုးထားပါသေးတယ်။ ဖျော်ဖြေရေးအနုပညာကျောင်းသူဖြစ်တဲ့ သူမဟာ အမေရိကကနေ အစ်ကိုဖြစ်သူ ဒေးဗစ်ဘန်ဒါနဲ့ အတူ လန်ဒန်ကို သူငယ်ချင်းတွေနဲ့တွေ့ဖို့ ရောက်လာတာ ဖြစ်ပါတယ်။

Credit : mayoneyinponepyinmat


27 Jun 2016     1,619 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS