သမီးနှစ်ယောက်ကို သတ်တဲ့ အမေကို ရဲတွေက အသေပစ်ဖမ်းခဲ့ရ
27 Jun 2016 1,731 Views

သမီးနှစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ အမေကို ရဲတွေက အသေပစ်သတ်ဖမ်းဆီးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဟူစတန်မြို့ရဲ့ အပြင်ဘက် ဆင်ခြေဖုံးရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် ခရစ္စတီရှိစ်ဟာ သူမရဲ့ သမီးနှစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
ရဲတွေရောက်လာတဲ့အချိန်မှာ သေနတ်ချဖို့ ပြောပေမဲ့ အမေဖြစ်သူဟာ ငြင်းဆန်နေတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ မိသားစုစကားများခဲ့ကြရာကအခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် သမီးဖြစ်သူ တေလာရှိစ်ဟာ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ၁၇ နှစ်အရွယ် မက်ဒီဆင်ရှိစ်ကတော့ နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အမှုဖြစ်ပွားချိန်မှာ ကလေးတွေရဲ့ဖခင်ဟာ အိမ်ထဲမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။


Credit : mayoneyinponepyinmat






