အသတ်ခံရမှာကြောက်လွန်းလို့ အပြင်မထွက်ရဲတော့ တဲ့ Meghan Trainer
27 Jun 2016 1,531 Views

သောကြာနေ့က နယူးယော့ခ်မြို့ထဲမှာ Meghan Trainer ကို သက်တော်စောင့်တစ်ဦးနဲ့ လမ်းထွက်လာတာ တွေ့လိုက်ရပါတယ်။ ပရိသတ်တွေကိုလည်း ခပ်မြန်မြန်လက်ရမ်းနှုတ်ဆက်ပြီး အစောင့်အရှောက်တွေနဲ့ ကားပေါ်ကိုတက်သွားခဲ့ပါတယ်။ သက်တော်စောင့်တွေ တိုးမြှင့်ချထားလိုက်ပုံပါ။
" ကျွန်မ အပြင်ထွက်ပြီး ပရိသတ်တွေနဲ့ တွေ့မှာမဟုတ်ဘူး။ ကျွန်မအခု အရမ်းကြောက်နေတယ်" လို့ Christina Grimmie သေဆုံးပြီး နှစ်ရက်အကြာမှာ Page Six ကို ဖြေကြားခဲ့ပါတယ်။ အဆိုတော် Christina ဟာ ယခုလအစောပိုင်းမှာ ဖျော်ဖြေပွဲအပြီး ပရိသတ်နဲ့တွေ့ဆုံနေတုန်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
Christina ရဲ့ဖြစ်ရပ်အပြီး အပြင်သိပ်မထွက်ခဲ့တဲ့ Meghan Trainer ဟာ သူမအတွက် သက်တော်စောင့်ငှားရမ်းပြီးမှ အပြင်ကိုပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ ဂရုတစိုက်ရှိဖို့လိုအပ်တယ်လို့လည်း Meghan Trainer က ပြောပါတယ်။

Credit: Shwe Myanmar





