BEC-TERO TV

စိတ်အားမြှင့်ဟောပြောသူခိုင်းသည့်အတိုင်း ရဲတောက်နေသည့်မီးသွေးပေါ် တက်လျှောက်ခဲ့သဖြင့် ဆေးရုံရောက်သွားကြ

28 Jun 2016     1,427 Views


ကြောက်စိတ်ကို ကျော်လွှားလိုလျှင် ရဲတောက်နေသည့်မီးသွေးခဲများပေါ် လမ်းတက်လျှောက်ရသည်ဟူသော စိတ်အားမြှင့်ဟောပြောသူ၏ စကားအတိုင်း မီးသွေးခဲများပေါ် တက်လျှောက်ခဲ့သူတို့သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ ဆေးရုံတွင် ကုသမှုခံယူ ရသည့်အဖြစ် ဆိုက်သွားကြောင်းသိရသည်။ လောင်ကျွမ်းဒဏ်ရာရသွားသူပေါင်း ၃၀ ကျော်တွင် ငါးဦးသည်ဒဏ်ရာပြင်း ထန်သဖြင့် ဆေးရုံတက်လိုက်ရခြင်းဖြစ်သည်။ ကျန်လူများမှာမူဟောပြောပွဲကျင်း ပရာနေရာတွင်သာ ကုသမှုခံယူခဲ့ကြသည်။

၎င်းတို့သည်တိုနီရော့ဘင်၏ လေးရက်တာဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့ကြသူများဖြစ်သည်။ မီးသွေးခဲပေါ် တက်လျှောက်ခဲ့သူပေါင်း ၇၀၀၀ ခန့်ရှိသည်ဟု ပွဲစီစဉ်သူများက ဆိုသည်။ ““အကြောက်တရားကို စွမ်းအားအဖြစ် ပြောင်းပစ်စို့””ဆိုသည့် ဟောပြောပွဲခေါင်းစဉ်တွင်ဟောပြောသူက ပွဲတက်ရောက်လာသူများကို ထိုသို့လုပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ၄င်းသည် စိတ်အားမြှင့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး ၄င်းစာအုပ်များသည် ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းထဲဝင်ခဲ့သည်။

Credit : pyimyanmarnews/


28 Jun 2016     1,427 Views




RELATED

Most Popular of Special or Others

Most Popular of NEWS