မောလ်ဒိုက်က ရေအောက် စားသောက်ဆိုင် Ithaa
28 Jun 2016 1,762 Views

မောလ်ဒိုက် ပင်လယ် ရေပြင်ရဲ့အောက်ဘက် ၁၆ ပေ ( ၅ မီတာ) မှာ ရေအောက် စားသောက်ဆိုင် Ithaa ကို ဖွင့်လှစ်ထားပါ တယ်။ Ithaa ရဲ့ အဓိပ်ပါယ်က ပုလဲလုံးများရဲ့ မိခင် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီ ရေအောက်စားသောက်ဆိုင်ကို လာရောက်တဲ့ ဧည့်သည်တွေဟာ ရောင်စုံ၊ အရွယ်စုံ ငါးအမျိုးမျိုး၊ ရေသတ္တဝါ အမျိုးမျိုးကို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
မြင်ကွင်းကျယ် ၂၇၀ ဒီဂရီ အဖြစ် ရေအောက်ပင်လယ်ပြင်ကို ကြည့်ရှုနိုင်ကြမှာ ဖြစ်ပြီးတော့ စားသောက်ဆိုင်ထဲမှာတော့ လူ ၁၄ ယောက် ဆံ့ပါတယ်။ ဒီ စားသောက်ဆိုင်ဟာ ကမ္ဘာ ပေါ်မှာ ပထမဆုံး ရေအောက်စားသောက်ဆိုင် တစ်ခု လည်း ဖြစ်ပါတယ်။
Credit : mayoneyinponepyinmat