BEC-TERO TV

ဆင်မလေး ဇယ်လာ၏ ယူရိုပြိုင်ပွဲ ခန့်မှန်းချက် ရာနှုန်းပြည့် မှန်ကန်

28 Jun 2016     1,260 Views


ဂျာမဏီနိုင်ငံ စတူဂတ် တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ ဆင်မလေး ဇယ်လာက ယူရိုပြိုင်ပွဲ ရှုံးထွက်ပွဲစဉ် ၄ ပွဲကို ခန့်မှန်းရာမှာ ၄ ပွဲစလုံး မှန်ကန်သွားပါတယ်။ ဇယ်လာက ရှုံးထွက်အဆင့်မှာ ပြင်သစ်၊ ဂျာမဏီ၊ ဝေးလ်နဲ့ အိုက်စလန်တို့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ ပထမ ၃ ပွဲစလုံး မှန်ကန်တဲ့အတွက် ဒီမနက်မှာ ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန်နဲ့ အိုက်စလန်ပွဲ မှာတော့ ခန့်မှန်းချက်အပေါ် ပရိသတ်တွေက သံသယ ရှိပေမယ့်လည်း တကယ်တမ်းမှာတော့ ဇယ်လာ ခန့်မှန်းသလို အိုက်စလန်ပဲ အံအားသင့်စရာ အနိုင်ရသွားပါတယ်။

ဇယ်လာရဲ့ ခန့်မှန်းပုံကတော့ သံပိုက်ခြင်းထဲမှာ ထည့်ထားတဲ့ နိုင်ငံအလံတွေ ကပ်ထားတဲ့ ဘောလုံး ၂ လုံးထဲက တလုံးကို ရွေးချယ်ပြီး ခန့်မှန်းတာပါ။ သူ ရွေးချယ်လိုက်တဲ့ ဘောလုံးကို အနိုင်ရတဲ့ အသင်းအဖြစ် သတ်မှတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဂျာမဏီက ရေဘ၀ဲ ပေါက အနိုင်အရှုံး ခန့်မှန်းရာ ရာနှုန်းပြည့် နီးပါး မှန်ကန်ခဲ့ ဖူးပါတယ်။

Credit : http://burmese.dvb.no/


28 Jun 2016     1,260 Views




RELATED

Most Popular of Special or Others

Most Popular of NEWS