BEC-TERO TV

မိဘ၊ ဘိုးဘွားတစ်ဦးလျှင် လစဉ် ကျပ်ငါးသောင်းထက်မပို သော စရိတ် စရိတ်ပေးစေရန် တရားရုံး က အမိန့်ချ

28 Jun 2016     1,496 Views


စရိတ်ထောက်ပံ့မှု လို အပ်သော မိဘ၊ဘိုးဘွားများအား လုံလောက်သော အကြောင်းရင်း မရှိဘဲ သားသမီး (သို့မဟုတ်) မြေးများက ထောက်ပံ့ရန် ပျက် ကွက်ပါက လစဉ်ကျပ်ငါးသောင်း ထက်မပိုသော စရိတ်ထောက်ပံ့ စေရန် အမိန့်ချမှတ်နိုင်ကြောင်း သက်ကြီးရွယ်အိုများဆိုင်ရာ ဥပ ဒေကြမ်းတွင် ရေးဆွဲထားသည်။ မိဘ၊ ဘိုးဘွားတစ်ဦးလျှင် လစဉ် ကျပ်ငါးသောင်းထက်မပို သော စရိတ် (သို့မဟုတ်) တစ်လုံး တည်း စရိတ်ပေးစေရန် တရားရုံး က အမိန့်ချမှတ်နိုင်ကြောင်း အ ဆိုပါဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

ထိုသို့ ချမှတ်သည့်စရိတ်ကို ပေးဆောင်ရန် ပျက်ကွက်ပါက ရာဇ၀တ်ကျင့်ထုံးဥပဒေနှင့်အညီ ဒဏ်ငွေမဆောင် ပျက်ကွက်သည် ဟု မှတ်ယူ၍ဒဏ်ငွေကောက်ခံ ခြင်းတို့ စီရင်ပိုင်ခွင့်ရှိကြောင်း လည်း ရေးဆွဲထားသည်။ အရွယ်ရောက်သော မိသား စုဝင် သားသမီးနှင့်မြေးများသည် မိဘ၊ဘိုးဘွားများအား စရိတ် ထောက်ပံ့ရန် လုံလောက်သော ငွေကြေးနှင့် ပစ္စည်းများရှိလျှင်၎င်း တို့လိုအပ်သော စားဝတ်နေရေး နှင့်မိသားစု စောင့်ရှောက်မှု၊ကျန်း မာရေးစောင့်ရှောက်မှုတို့အတွက် စရိတ်ထောက်ပံ့ရန်နှင့်ပုံမှန် ကြည့်ရှုစောင့်ရှောက်ရန် တာဝန် ရှိသည်ဟု ဥပဒေကြမ်းတွင်ပါဝင် သည်။

သားသမီးနှင့် မြေးများ၏ စွန့်ပစ်ထားခြင်းခံရသောမိဘ၊ဘိုး ဘွားများသည် ၎င်းတို့ကို သား သမီးနှင့်မြေးများကလစဉ် (သို့မ ဟုတ်) တစ်လုံးတည်း စရိတ် ထောက်ပံ့ရန် သက်ဆိုင်ရာတရား ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း ရေးဆွဲ ထားသည်။ ယင်းသို့လျှောက်ထားရာ တွင် ဆွေမျိုးမိတ်ဆွေများက ဖြစ် စေ၊ ရပ်မိရပ်ဖကဖြစ်စေ၊ဘိုးဘွား ရိပ်သာ တာဝန်ခံကဖြစ်စေ ဘိုး ဘွားမိဘများကိုယ်စား လျှောက် ထားနိုင်ကြောင်း ရေးဆွဲထားသည်။

Credit : http://www.7daydaily.com/


28 Jun 2016     1,496 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS