ရုရှား စစ်လေယာဉ် ပစ်ချ ခံခဲ့ရတဲ့ နောက်ပိုင်း မစ္စတာ အဒိုအန် မတောင်းပန် မချင်း
29 Jun 2016 1,988 Views

ရုရှား စစ်လေယာဉ် တစ်စင်းကို ဆီးရီးယား နယ်စပ် အနီး တူရကီက ပြီးခဲ့တဲ့ နှစ်တုန်းက ပစ်ချခဲ့တဲ့ လုပ်ရပ် အတွက် တူရကီ သမ္မတ အဒိုအန်က တောင်းပန် စကား ဆိုခဲ့တယ် လို့ ရုရှား အစိုးရ က ပြောပါတယ်။ ဖြစ်ပျက်ခဲ့မှု အပေါ် အင်မတန် စိတ်မကောင်း ဖြစ်ရပြီး၊ နှစ် နိုင်ငံ ဆက်ဆံရေး ပြန်လည် ထူထောင် ချင်ပါတယ် ဆိုပြီး မစ္စတာ အာဒိုအန်က ရုရှား သမ္မတ ပူတင်ထံ စာရေးသား ခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ပူတင် ဆီကို စာရေးသား ပေးပို့ခဲ့ကြောင်း မစ္စတာ အဒိုအန် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပါတယ်။ ရုရှား စစ်လေယာဉ် ပစ်ချ ခံခဲ့ရတဲ့ နောက်ပိုင်း တူရကီ အပေါ် ရုရှား ဘက်က ကုန်သွယ်ရေး ကန့်သတ်ချက် တွေ ချမှတ် ခဲ့ပြီး၊ မစ္စတာ အဒိုအန် မတောင်းပန် မချင်း ဒီ ကန့်သတ်မှုတွေ ရုတ်သိမ်း ပေးမှာ မဟုတ်ဘူးလို့ ပြောဆို ထားပါတယ်။


Credit : BBC Burmese






