BEC-TERO TV

ကမ်းခြေမှာ နေပူဆာလှုံနေတဲ့ Louisa Johnson

29 Jun 2016     1,361 Views


X Factor ဆုရှင် Louisa Johnson ဟာ Bahamas မှာ အပန်းဖြေရင်း သူမရဲ့ ဘီကီနီဘော်ဒီအလှကို ပြသခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် အဆိုတော်မလေးဟာ ချစ်သူ Daniel Elliott နဲ့ အတူနေထိုင်ပြီးမကြာခင်မှာ အခုလို အပန်းဖြေခရီး ထွက်ခဲ့တာပါ။ ၂၀၁၅ ခုနှစ် X Factor ချန်ပီယံဆုရှင်မလေးဟာ ချစ်သူနဲ့ ပျော်ရွှင်နေရင်းက ကောက်ကြောင်းအလှကို ဘီကီနီဒီဇိုင်းစုံ ဝတ်လို့ ပြသခဲ့ပါတယ်။

 နေရောင်အောက်မှာ လဲလျောင်းရင်း အပန်းဖြေနေပုံ အပြာရောင်လဲ့လဲ့နဲ့ လှပတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ရေစိမ်နေပုံနဲ့ ကမ်းခြေမှာ လျှောက်သွားနေပုံတွေကို ပို့စ်အမျိုးမျိုးနဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။

" Daniel နဲ့ louisa တို့ဟာ နှစ်ယောက်အတူနေပြီး အရမ်းပျော်ရွှင်နေကြတယ်" လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါသေး တယ်။

 

Credit:Shwe Myanmar Media


29 Jun 2016     1,361 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment