ကားမောင်းခွင့်ပိတ်ပင်ခံထားရသော ဆော်ဒီအာရေဗျတွင် တိုက်ကားများကအမျိုးသမီးများအတွက်ထူးခြားသည့်အခွင့်အရေး ဖြစ်လာ
29 Jun 2016 2,229 Views

အမျိုးသမီးများအား ကားမောင်းခွင့်မပြုထားသည့် ဆော်ဒီအာရေဗျ ကဲ့သို့သောနိုင်ငံမျိုးတွင် ကစားကွင်းများတွင်ရှိသည့်တိုက်ကားများက ထူးခြားသည့်အခွင့်အရေးတစ်ခုသဖွယ်ဖြစ်လာနေသည်ဟု သိရသည်။ ဆော်ဒီအာရေဗျအမျိုးသမီးများသည် တိုက်ကားများမောင်းနှင်ရသည်ကို မည်သည့်အရာနှင့် မှမလဲနိုင်လောက်အောင် နှစ်ခြိုက်ကြပြီး မိမိတို့ကားမောင်း စွမ်းရည်ကို ပြသလေ့ရှိကြသည်။ Jeddah မြို့ရှိ Al Shallal Theme Park တွင် အားလပ်ရက်တိုင်း အမျိုးသမီးများသည် မျက်လုံးသာမြင်ရသော ၀တ်ရုံအမည်းများနှင့် လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ လာရောက်အပန်းဖြေတိုက်ကားမောင်းနှင် လေ့ရှိကြသည်ကို မြင်တွေ့ရသည်။
၎င်းတို့က အမျိုးသားများကဲ့သို့ တိုက်ကားများနှင့်တစ်ဦးကိုတစ်ဦး ၀င်တိုက်ခြင်းမျိုး မဟုတ်ဘဲ ကားမောင်းရသည့်အရသာကို လွမ်းဆွတ်တသသည့်ဟန်ဖြင့် တစ်ဦးကို တစ်ဦး ရှောင်ရှားကာ ပတ်၍ မောင်းနှင်နေကြခြင်းဖြစ်သည်။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းနှင်ခွင့် ပိတ်ပင်ထားခြင်းသည် ချမ်းသာကြွယ်ဝသူများကြား တွင် ပြဿနာကြီးတစ်ခုသဖွယ်ဖြစ်နေပြီး ယခုအခါ အမျိုးသမီးများသည် ဥပဒေကို လည်းမဖောက်ဖျက်ဘဲ ကားလည်းမောင်း နှင်နိုင်အောင် တိုက်ကားများကို အသုံးချလာကြခြင်းဖြစ်သည်ဟု သိရသည်။
Credit : Pyi Myanmar