အင်တာနက်ပေါ်က အချက်အလက်တွေကြောင့် အစ္စလာမ်မစ် အစွန်းရောက်တွေ ရဲ့ လက်ချက်နဲ့၊ ပြင်သစ်ရဲ နှစ်ဦး
29 Jun 2016 1,640 Views

ပြင်သစ် ရဲ အမှုထမ်း ပေါင်း တစ်သိန်းကျော်ရဲ့ နာမည်နဲ့ အိမ်လိပ်စာတွေ လို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားပြီး ၊ အင်တာနက်ပေါ် ရောက်လာ ပါတယ်။ အစ္စလာမ်မစ် အစွန်းရောက်တွေ ရဲ့ လက်ချက်နဲ့၊ ပြင်သစ်ရဲ နှစ်ဦး၊ နေအိမ်မှာ အသတ်ခံခဲ့ရပြီး၊ နှစ်ပတ် အကြာမှာ၊ အခုလို ပေါက်ကြားမှု ဖြစ်လာတာပါ။
ရဲတပ်ဖွဲ့ အတွက် ကျန်းမာရေး အပါအဝင် အာမခံ ကိစ္စတွေကို တာဝန်ယူ ပေးတဲ့ ကုမ္ပဏီက သူတို့ ဆီက ဝန်ထမ်း တစ်ဦးရဲ့ လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်က အချက်အလက် မှတ်တမ်းတွေကို ကြည့်ဖို့ရာ၊ လျှို့ဝှက် နံပါတ် လိုအပ်တဲ့ အတွက်၊ ဘယ်သူတစ်ဦး တစ်ယောက်မှ ဝင်ရောက် ကြည့်ရှု့ နိုင်ခဲ့တယ်လို့ မယူဆ ကြောင်း အဲဒီ့ ကုမ္ပဏီက ပြောပါတယ်။

Credit : BBC Burmese






