BEC-TERO TV

ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်အောင်မြင်

30 Jun 2016     1,517 Views


ဇီကာဗိုင်းရပ် ရှေ့ပြေးနမူနာနှစ်မျိုးကို ဓာတ်ခွဲခန်းမှာ ကြွက်များဖြင့် စမ်းသပ်ခဲ့ရာ အပြည့်အဝ အကာအကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်အောင်မြင်ခဲ့ပြီလို့ သိရပြီး လူသားများမှာ ထိုးနှံနိုင်ရေး အရေးပါတဲ့ တိုးတက်မှုဖြစ်လာကြောင်း သိရပါတယ်။ ဇီကာဗိုင်းရပ် ရှေ့ပြေးနမူနာနှစ်မျိုးကို ဓာတ်ခွဲခန်းမှာ ကြွက်များဖြင့် စမ်းသပ်ခဲ့ရာ အပြည့်အဝ အကာအကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို တစ်ကြိမ်သာထိုးရုံဖြင့် ကြွက်များမှာ အပြည့်အဝ ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ မြောက်အမေရိကရှိ ဘရာဇီးမှာ အဓိက ကူးစက်ပျံ့နှံနေပြီး အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားတဲ့ ကလေးတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါဖြစ်နိုင်ပြီး ဦးခေါင်းသေးနေတတ်ပါတယ်။ ယခု တွေ့ရှိမှုဟာ စိတ်ချရပြီး ထိရောက်မှုရှိတဲ့ ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားတွေအတွက် ထုတ်လုပ်နိုင်ရန် တိုးတက်မှုဖြစ်ကြောင်း ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ ရောဂါပိုးမွှားနဲ့ ကာကွယ်ဆေး သုတေသနဌာန ဒါရိုက်တာ ဒန်ဘာရော့ခ်ျက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ အေဒီးစ်ခြင်မှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တာ ဖြစ်ပါတယ်။

Credit : mayoneyinponepyinmat


30 Jun 2016     1,517 Views




RELATED

Most Popular of International News

Most Popular of NEWS