မိန်းမချောလေးတွေ ဝိုင်းနေတဲ့ calvin harris
30 Jun 2016 1,815 Views

Calvin Harris ကလည်း မိန်းကလေးတစ်သိုက်နဲ့ ဇိမ်ခံရွက်လှေတစ်စင်းနဲ့ အပန်းဖြေခရီးထွက်ရင်း တေလာဆွစ်ရဲ့ အချစ်ဇာတ်လမ်းသစ်ကို ဘယ်လိုမှ မခံစားရကြောင်း သက်သေပြလိုက်ပုံပါတယ်။

အသက် ၃၂ နှစ်အရွယ် ဒီဂျေ ကယ်ဗင်ဟားရစ်ဟာ ဇွန်လ ၂၈ ရက်နေ့မှာ မိန်းမချောလေးတွေ ဝိုင်းနေတဲ့ ဗီဒိယိုကို Snapchat ကနေ မျှဝေထားပါတယ်။ တေလာဆွစ်နဲ့ ၁၅ လကြာ တွဲခဲ့ပြီး လွန်ခဲ့တဲ့ ၄ ပတ်က ပြတ်သွားခဲ့တဲ့ ကယ်ဗင်ဟားရစ်ဟာ မိန်းကလေး ၄ ယောက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို မျှဝေရင်း "I write songs" လို့ စာရေးထားပါတယ်။

Credit:Duwun




