BEC-TERO TV

ဖော်ချွတ်ခန်းတွေရိုက်ရလို့ အရမ်းရှက်မိတယ်ဆိုတဲ့ အီဗာဂရင်း

30 Jun 2016     1,685 Views


အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ ပြင်သစ်မင်းသမီး အီဗာဂရင်းကို ရုပ်ရှင်ကားအချို့မှာ ဖော်ချွတ်အခန်းတွေနဲ့ မြင်ရဖူးပါတယ်။ ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပေမယ့် အဝတ်ဗလာနဲ့ သရုပ်ဆောင်ခဲ့ရတဲ့အပေါ် သိပ်ကိုရှက်ရွံ့မိတယ်လို့ သူမက ပြောပါတယ်။ " ကျွန်မအရမ်းရှက်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ခန္ဓာကိုယ်ကို လူထောင်ပေါင်းများစွာကို လှစ်ဟပြမိခဲ့တယ်။

ဘာကြောင့်ဒီလိုလုပ်မိမှန်း လုံးဝနားမလည်တော့ပါဘူး။ ကျွန်မတော့ ကုထုံးတစ်ခုခုခံယူဖို့လိုနေပြီ" လို့ အီဗာဂရင်းက ဆိုပါတယ်။ အီဗာဂရင်းဟာ Sin City ၊ Casino Royale ၊ 300:Rise of Empire ဇာတ်ကားတွေမှာ လူကြိုက်များခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်အလှကို ဖော်ထုတ်ပြသခဲ့တာပါ။

Credit : mayoneyinponepyinmat


30 Jun 2016     1,685 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment