ကာလကတ္တားက အကြွေစေ့ ရေငုတ်ရှာသူများ
01 Jul 2016 1,974 Views

ကာလကတ္တားမြို့က Kalighat ဘုရားကျောင်းဘေးရှိ ညစ်ပေနေတဲ့ အာဒီ ဂင်္ဂါ (Adi Ganga) မြစ်ထဲ ရေငုတ်ပြီး အကြွေစေ့ရှာနေတဲ့ အိန္ဒိယ ကလေးငယ်တွေကို ဇွန်လ (၂၈) ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။ သန့်ရှင်းမြင့်မြတ်တဲ့ မြစ်ကို ပူဇော်သက္ကာတဲ့အနေနဲ့ မြစ်ထဲ အကြွေစေ့တွေကို ပစ်ချပါတယ်။
အနည်းဆုံး ယောက်ျားလေး (၁၀၀) ဦးက မြစ်ထဲက အကြွေစေ့တွေကို လိုက်လံ စုဆောင်းရင်း သူတို့ရဲ့ ၀င်ငွေအဖြစ် ရပ်တည်ကြပါတယ်။ အခုလို တစ်ရက်မှာ တစ်ဒေါ်လာနှင့် (၁၀) ဒေါ်လာအကြား စုဆောင်းရရှိခြင်းက သူတို့ သို့မဟုတ် သူတို့ မိသားစုအတွက် တစ်ခုတည်းသော ၀င်ငွေရင်းမြစ်ဖြစ်ပါတယ်။





Credit : mayoneyinponepyinmat








