BEC-TERO TV

လူ့ခန္ဓာကိုယ်အထဲထိ ထည့်သွင်းနိုင်မဲ့ ကင်မရာလေးများ

01 Jul 2016     1,539 Views


လူအများစုက အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာကောင်းကောင်းတွေ ဆိုရင် မှန်ဘီလူးကြီးကြီးတွေနဲ့ အရွယ်အစားခပ်ကြီးကြီး ဖြစ်မယ်လို့ ထင်ကြပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ အရည်အသွေးမြင့်ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာ အရွယ်အစားနဲ့ အတူ မှန်ဘီလူး အရွယ်အစားတွေကလည်း သေးငယ်လာပါတယ်။ Stuttgart တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မှန်ဘီလူး ၃ ခုကို ထည့်သွင်းအသုံးပြုထားတဲ့ ကင်မရာ တစ်မျိုးကို တီထွင်ခဲ့ပါတယ်။

3D နည်းပညာနဲ့ ပုံနှိပ်ထားတဲ့ အဲဒီကင်မရာဟာ ၀.၁ မီလီမီတာ သာရှိပါတယ်။ အဲ့ဒီအရွယ်အစားဟာ ဆံပင် တစ်ပင်ရဲ့ အရွယ်အစားဖြစ်ပါတယ်။ ဒါကြောင့် လူ့ခန္ဓာ ကိုယ်ထဲက သွေးကြောထဲ အထိထည့်ထားလိုက်နိုင်တဲ့ အထိ သေးငယ်တယ် လို့ဆိုနိုင်ပါတယ်။ မှန်ဘီလူးတွေဟာ အလွန်တရာသေးငယ်လှပြီး ဒစ်ဂျစ်တယ် ကင်မရာတွေ မှာ တပ်ဆင်လေ့ရှိတဲ့ CMOS sensor တွေ တပ်ဆင်ထားပါတယ်။ မြင်ကွင်းကျယ် အရည်အသွေးမြင့် ဓာတ်ပုံတွေရရှိဖို့ အတွက် မှန်ဘီလူးတွေ အများကြီး လိုအပ်ပါတယ်။

Credit : mayoneyinponepyinmat


01 Jul 2016     1,539 Views




RELATED

Most Popular of International News

Most Popular of NEWS