BEC-TERO TV

Song Hye Kyo မဟုတ်ပဲအခြားမိန်းကလေးနဲ့ Los Angeles ကိုခရီးထွက်တယ်လို့သတင်းထွက်ပေါ်နေတဲ့ Song Joong Ki

01 Jul 2016     1,533 Views


တောင်ကိုရီးယားမင်းသား Song Joong Ki ဟာ၎င်း၏ချစ်သူနှင့် လော့စ်အိန်ဂျလိစ်သို့ အလည် ပတ်ခရီး သွားရောက်ခဲ့ကြောင်း တရုတ်မီဒီယာ Fenghuang က သတင်းထုတ်ပြန်ခဲ့ပြီး အတူသွားတဲ့ သူကလဲ Song Hye Kyo မဟုတ်ပါဘူးလို့ လဲပြောထားပါသေးတယ် ။ တရုတ်မီဒီယာ Fenghuang ကသတင်းထုတ်ပြန်ပြီး Song Joong Ki ၏ အေဂျင်စီက ယင်းမှာ ကောလဟာလသတင်းသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

တရုတ်မီဒီယာက သတင်းထုတ်ပြန်ပြီးနောက် ၁၀ မိနစ်အတွင်း အေဂျင်စီက ယခုကဲ့သို့ တုန့် ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “Song ရဲ့ မိန်းကလေးလို့ စွပ်စွဲခံရတဲ့ မိန်းကလေးဟာ သူရဲ့ ၀န်ထမ်းဖြစ်ပါတယ်။ Song ဟာ သူရဲ့ဝန်ထမ်းတွေနဲ့အတူ ပြည်ပကို အလည်ပတ်ခရီး သွားတာဖြစ်ပါတယ်” ဟု Blossom Entertainment က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။

ဆောင်းသည် “Descendants of the Sun” ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ သရုပ်ဆောင်ခြင်းဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသူ တစ်ဦးဖြစ်သည်။ ဆောင်း၏ အောင်မြင်ကျော်ကြားမှုက ၎င်း၏ ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးနှင့် စပ်လျဉ်း ၍ ကောလဟာလများကို မြှင့်တတ်စေခဲ့သည်။ ဆောင်းဂျွန်ကီသည် မတ်လ က လည်း “Descendants of the Sun” ဇာတ်ကားတွင် ပူးတွဲသ ရုပ်ဆောင် ဆောင်းဟေဂျို (အွန်စော)နှင့် တွဲနေသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့ သည်။ အဆိုပါ ကောဟာလသည် ၎င်းတို့နှစ်ဦး ဆင်တူလက်ကောက်ကို ၀တ်ဆင်ထားသည့် ဓာတ်ပုံ ကြောင့် ထွက်ပေါ်လာဖွယ်ရှိသည်။ ယင်းနောက် ဆောင်းဟေဂျိုက ၎င်း၏ လက်ကောက်ဝတ်တွင် ခေါင်းစီးကြိုးကို ၀တ်ဆင်ထားခြင်းဖြစ်ကြောင်းနှင့် လက်ကောက်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

Credit:Mizzima 


01 Jul 2016     1,533 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment