BEC-TERO TV

Miss Myanmar World 2016 Top 5 အလှမယ် ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန်

02 Jul 2016     1,802 Views


Miss Myanmar World 2016 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 5 အထိ ဝင်ခဲ့တဲ့ အလှမယ် ဖြစ်ပါတယ်။

Miss Myanmar World 2016 ပြိုင်ပွဲမှာ Top 5 အထိ ဝင်ခဲ့တဲ့ အလှမယ် ပိုးစန္ဒာခင်တစ်ယောက်  ရုတ်တရက် ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ နီးစပ်ရာ အလှမယ် အသိုင်းအဝိုင်းက သိရပါတယ်။

ဒီနေ့မနက် Gym သွားဆော့ခါနီးမှာ မူးလဲပြီး ဆုံးသွားတာ ဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းက ပြောကြပါတယ်။ ကွယ်လွန်သွားတဲ့ သူမအတွက် သူငယ်ချင်းများနဲ့ သူမရဲ့ ပရိသတ်များက မိသားစုနဲ့ ထပ်တူ ဝမ်းနည်းနေကြကြောင်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားကြပါတယ်။

အလှမယ် ပိုးစန္ဒာခင်က ဝေဟင်နတ်သမီးဆိုတဲ့ ဆုကိုလည်း ဆွတ်ခူးထားခဲ့ဖူးသလို အကယ်ဒမီ ရွှေကြိုမယ် အဖြစ်လည်း ရွေးချယ်ခံခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။


02 Jul 2016     1,802 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS