BEC-TERO TV

ငရုတ်သီးကန်ထဲတွင်စိမ်ပြီးငရုတ်သီးစားရသည့်ပြိုင်ပွဲ

04 Jul 2016     1,328 Views


ဇူလိုင် ၂ ရက်နေ့က ယူနန်ပြည်နယ် လိကျန်းတွင်ငရုတ်သီးစားပြိုင်ပွဲအား ကျင်းပ ခဲ့ပါတယ်။ ထိုပြိုင်ပွဲကိုနိုင်ငံပေါင်းစုံမှခရီးသည်များပါဝင်ဆင်နွှဲခဲ့ကြသည်။

ဇကာတင်ရွေးချယ်ပြီးနောက်တွင် ကျွမ်းကျင်ငရုတ်သီးစားသူ ၉ ဦး မှနောက်ဆုံးပြိုင်ပွဲသို့ဝင်ရောက်ခဲ့ပြီး အချင်း ၁.၁ မီတာရှိ ငရုတ်သီး အပြည့်စိမ်ထားသော စည်ပိုင်းထဲတွင် တကိုယ်လုံးစိမ်ကာ အတွင်းမှအပြင် အထိစပ်သော အတွေ့အကြုံအား ခံစားခဲ့ကြသည်။

ဧည့်သည်များမှ အမျိုးမျိုးသောလက်ဆောင်ပစ္စည်းများကိုအနိုင်ရရှိခဲ့ကြပြီးနောက်ဆုံးတွင် စစ်ချွမ်းပြည်နယ် ချန်တူး မှ ခရီးသွားတစ်ဦးမှ ၂ မိနစ်အတွင်း ငရုတ်သီးပေါင်း ၄၇ တောင့် စားသုံးနိုင်ခဲ့ကာ စုံ့ချန်အပန်းဖြေစခန်းမှ 24 K ရှိရွှေဖြင့်ပြုလုပ်ထားသော ရွှေငရုတ်သီးအား ပေးအပ်ခဲ့သည်။

Credit:china.com


04 Jul 2016     1,328 Views




RELATED

Most Popular of Special or Others

Most Popular of NEWS