ရေစီးကြမ်းသည့်ရေတံခွန်ကြီးရှေ့တွင် ကြိုးတန်းလမ်းလျှောက်ရင်း ယောဂလေ့ကျင့်ပြခဲ့သည့် လူစွန့်စား
04 Jul 2016 1,735 Views

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Yosemite National Park တွင်ရှိသော ရေစီးကြမ်းသည့် Vernal Fall ရေတံခွန်ကြီးရှေ့တွင် လူစွန့်စား အမျိုးသမီးတစ်ဦးက ကြိုးတန်းလမ်းလျှောက်လျက်ဖြင့် ယောဂလေ့ကျင့်ပြခဲ့ သည်ကို အသည်းယားဖွယ်ရာမြင်တွေ့ခဲ့ရသည်ဟု သိရသည်။အသက် ၂၃ နှစ်အရွယ်စွန့် စားခန်းရှာဖွေသူကင်ဘာလေ၀ီဂလင်သည် ကြိုးတန်းလမ်းလျှောက်သည့်သက်တမ်းနှစ်နှစ်ရှိသူဖြစ်ပြီး ရေတံခွန်သို့ ချစ်သူ၊သူငယ်ချင်းများနှင့်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။၎င်းင်းတို့အုပ်စုသည် Vernal Fall ရေတံခွန်ကြီးတွင် ကြိုးတန်းလမ်းလျှောက်ကာ ရေတံခွန်းကို ထူးခြားသည့် ရှုထောင့်တစ်ခုမှမြင်တွေ့စေခဲ့သည့် ပထမဆုံးအဖွဲ့အဖြစ် သမိုင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

Vernal Fall ရေတံခွန်ကြီးမှ တစ် မိနစ်လျှင် ရေဂါလန် ၈၆၀၀၀၀ ခန့် ကြမ်း တမ်းစွာစီးဆင်းနေပြီး ရေတံခွန်ပေါ်တွင် ဟန်ချက်ထိန်း၍ကြိုးတန်းလမ်း လျှောက်ရန်မှာ အလွန်ခက်ခဲလှသည်။ ကင်ဘာ လေသည် ကြိုးတန်းလမ်းလျှောက် ရုံတင် မဟုတ်ဘဲကြိုးတန်းပေါ်တွင် ခြေခွဲ၍မတ်တပ်ရပ်ပြခြင်းကဲ့သို့သော ယောဂလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပြခဲ့သည်။ သို့သော် တစ်ရက်တည်းတွင်ပင် အိုဘား မားကမိသားစုနှင့်အတူ ပန်းခြံသို့လာရောက် လည်ပတ်မည်ဖြစ်သောကြောင့် သရုပ်ပြမှုကို အမြန်ဆုံးအဆုံးသတ်ခဲ့ရသည်ဟု သိရသည်။
Credit : Pyi Myanmar






