BEC-TERO TV

ပိုလန်တွင် ၁၆ ရာစုမှ သွေးစုပ်ဖုတ်ကောင် ရုပ်ကြွင်းတွေ့ရှိ

04 Jul 2016     1,698 Views


ပိုလန်နိုင်ငံမြောက်ပိုင်းမှာ ၁၆ ရာစုက သွေးစုပ်ဖုတ်ကောင်ရုပ်ကြွင်းတခုကို တွေ့ရှိခဲ့ပြီး ခုချိန်မှာတော့ ပြတိုက်မှာ ပြသထားပြီလို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီရုပ်ကြွင်းကို မြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ကေမီယံပိုမော့စကီးမြို့မှ ခရစ်ယာန်ဘု ရားကျောင်းတခုအနီးက ရှေးဟောင်းသင်္ချိုင်းတခုထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်က တူးဖော်ရ ရှိခဲ့တာပါ။ ရုပ်ကြွင်းရဲ့ပုံစံဟာ မြေပြင်မှာ ခြေထောက်ကို တိုင်နဲ့ချည်ပြီး မီးရှို့သတ်ခံထားရပုံ ပေါ်ပြီး ပါးစပ်မှာလည်း ကျောက်စိုင်ခဲအသေးတခုကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရုပ်ကြွင်းတူးဖော်ရေးအဖွဲ့ခေါင်းဆောင် စလော်ဝူမာ ဂေါ်ကာက ဒီသွေးစုပ်ဖုတ် ကောင်ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ ၁၆ ရာစုက မြေမြှုပ်ခံထားရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပါးစပ်မှာ ကျောက်စိုင်ခဲကို ထားရှိတာဟာ တယောက်ယောက်ကို ကိုက်ဖို့၊ ဒါမှမဟုတ် သွေးစုပ်ဖို့ကြိုးစားခြင်းမှ ရပ်တန့်စေခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီရုပ်ကြွင်းကို ကေမီယံ သဘာဝသမိုင်းပြတိုက်မှာ ပြသထားပြီး လာရောက်လည်ပတ်သူတွေကို အဓိကဆွဲဆောင်နေတယ်လို့ ပိုလန်နိုင်ငံဝက်ဘ်ဆိုဒ်စာ မျက်နှာတခုဖြစ်တဲ့ fakt.pl မှာ ဖော်ပြပါတယ်။

Credit : mayoneyinponepyinmat


04 Jul 2016     1,698 Views




RELATED

Most Popular of International News

Most Popular of NEWS