BEC-TERO TV

30 ကျော်မှ ယာဉ်မောင်းလိုင်စင်ရသွားလို့ ၀မ်းသာနေတဲ့ Ga Ga

04 Jul 2016     1,306 Views


အမေရိကန် အဆိုတော် Lady gaga က အသက် (၃၀) အရွယ်တွင် ယာဉ်မောင်း လိုင်စင်ရပြီဖြစ်ကြောင်း ၎င်း၏ တရားဝင် လူမှုကွန်ရက် Insta- gram မှတစ်ဆင့် ကြေညာခဲ့သည်။

‘‘အနားမှာ လူကြီးတစ် ယောက် အမြဲပါပြီး သင်မောင်းပါ မစ်နဲ့ နှစ်အတော်ကြာ ကားမောင်း ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်မ ယာဉ်မောင်းလိုင်စင်ရပါပြီ’’ ဟု ဇူလိုင် ၁ ရက်တွင် Instagram စာမျက်နှာ၌ ရေးသား ခဲ့ပြီး ကားမောင်းနေသည့် ဓာတ်ပုံ ကိုလည်း Gaga ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ယာဉ်မောင်းလိုင်စင်မလိုအပ် သော်လည်း Gaga နှင့် ခင်ပွန်းလောင်းတို့သည် လိုင်စင်လိုအပ် သည့် ကယ်လီဖိုးနီးယားနှင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်များတွင်လည်း အိမ်များပိုင်ဆိုင်ထား ၍ Lady Gaga အနေဖြင့် ယာဉ် မောင်းလိုင်စင်လိုအပ်သည်။

Lady Gaga က ကားတစ်စီး လက်ဆောင် ရရှိခဲ့သော်လည်း ကားမမောင်းတတ်ကြောင်း၂၀၁၁ ရေဒီယိုအစီ အစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။ ကမ္ဘာကျော် အဆိုတော်ဖြစ်တဲ့Gaga ကားမ မောင်းတတ်ခြင်းဟာလဲ လူပြော များတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ဘူးပါ တယ် ။

Credit:7Daily


04 Jul 2016     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment