ကမ္ဘာ့ အကြီးဆုံး ရေဒီယို တယ်လီစကုပ်
04 Jul 2016 1,786 Views

တရုတ်နိုင်ငံ မြောက်ပိုင်း ဂွေကျို့ဒေသက တောင်တန်း တစ်ခုပေါ်မှာ အာကာသတွင်း စူးစမ်း လေ့လာရေး အဆောက်အုံ ရဲ့ နောက်ဆုံး အစိတ်အပိုင်း ကို တပ်ဆင်ခဲ့ပြီးလည်းဖြစ်ပါတယ်။အာကာသတွင်း စူးစမ်း လေ့လာရေး အဆောက်အအုံ ရဲ့ အရွယ်အစားက ဘောလုံးကွင်း ၃၀ စာလောက်ရှိတဲ့ အကျယ်အ၀န်းဖြစ်ပါတယ်။
အာကာသ စူးစမ်း လေ့လာရေး အဆောက်အအုံ ကို လွန်ခဲ့တဲ့ ၅ နှစ် မှာစတင်တည်ဆောက် ခဲ့တာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလ မှာ အများပြည်သူ တွေလာရောက် ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။စကြ၀ဠာ ထဲက အခြားဂြိုလ် တွေရဲ့ အသေးစိတ် အခြေနေ တွေကို လေ့လာ နိုင်တော့မှာဖြစ်တယ်လို့ ကမ္ဘာ့ အကြီးဆုံး အာကာသ စူးစမ်း လေ့လာရေး ရေဒီယို တယ်လီစကုပ်ကို တည်ဆောက် သူတွေကပြောပါတယ်။
Credit : BBC Burmese








