နယူးယော့ခ်မြို့လယ်ပန်းခြံမှာ ပေါက်ကွဲမှုဖြစ်
04 Jul 2016 1,657 Views

ကျောက်ဆောင်ပေါ်ကို တက်ရောက်ခဲ့စဉ် တစ်စုံတစ်ခုကို တက်နင်းမိရာက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ နယူးယော့ခ်မြို့ Central Park မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက်တစ်ဦး ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ မီးရှူးမီးပန်း သို့မဟုတ် စမ်းသပ်လုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗုံးရှင်လင်းရေးအဖွဲ့က ပေါက်ကွဲမှုဖြစ်တဲ့ ပန်းခြံကို လာရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိဘဲ ဓာတုဗေဒဆိုင်ရာ လက်တွေ့စမ်းသပ်ပစ္စည်း ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ တနင်္ဂနွေနေ့ (ဇူလိုင် ၃ ရက်) က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် ကော်နာဂိုးလ်ဒင်းရဲ့ ဘယ်ဘက်ခြေထောက်မှာ ပြတ်တောက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

၎င်းဟာ သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ သောမတ်စ်ဟင်းစ်နဲ့ မက်သယူးစတတ်ဘီလ်တိုနဲ့အတူ ကျောက်ဆောင်ပေါ်ကို တက်ရောက်ခဲ့စဉ် တစ်စုံတစ်ခုကို တက်နင်းမိရာက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ကော်နာဂိုးလ်ဒင်းကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီး အခြေအနေ တည်ငြိမ်ကြောင်း သိရပါတယ်။ နယူးယော့ခ်ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။


Source & Photo: Xinhua, Daily Mail Duwun
Credit : PyiMyanmarNew






