မြင်းလေးနဲ့ ပျော်နေတဲ့ Patricia
05 Jul 2016 2,009 Views

လက်တလောတွင် သူမက ချောင်းသာကမ်းခြေမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။ ပထမဆုံးအကြိမ် မြင်းစီးဖူးတာလို့ ဆိုတဲ့သူမက မြင်းလေးနဲ့ စကားတွေ ပြောခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။
"အရမ်းချစ်ဖို့ ကောင်းပြီး လိမ္မာတဲ့ ၂နှစ်သားမြင်းကလေးနဲ့  စူးအတွက်တော့ မြင်းစီးတဲ့အတွေ့ အကြုံဟာ ဘဝမှာ ပထမဦးဆုံးပါပဲ။ ပထမတော့ နည်းနည်းကြောက်တယ်။ ကလေးလေးက လိမ္မာလို့ တော်သေးတာပေါ့ သူ့ ကို စီးနေရင်း စကားတွေပြောပေးခဲ့တယ်" လို့ သူမက ဆိုပါတယ်။

ချောင်းသာမှာ သွားရောက်ရိုက်ကူးနေတဲ့ ဇာတ်ကားကတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ "ဇွတ်ကျား" ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ကျော်ရဲအောင်၊ မြင့်မြတ်၊ ရဲလေး၊ မိုးအောင်ရင်၊ ထက်အောင်ရှိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ သန္တာဗိုလ်၊ မေတို့နဲ့အတူ သူမပါ ပါဝင်ထားတယ်လို့ သိရပါတယ်။


Credit:Duwun





