BEC-TERO TV

သြဂုတ်လမှာ ရုပ်ရှင် ရိုက်ကူးမှုတွေ ပြန်လည်ပြုလုပ်မယ့် ဝိုင်းစုခိုင်သိန်း

05 Jul 2016     1,378 Views


ဝိုင်းစုခိုင်သိန်းက ၈ လပိုင်းမှာ ရုပ်ရှင် ရိုက်ကူးမှုတွေ ပြန်လည်ပြုလုပ် တော့ မှာဖြစ်ကြောင်း သိရပါတယ်။ ဒီရုပ်ရှင် မှာတော့ စိုင်းစိုင်း ခမ်းလှိုင် နဲ့ သရုပ်ဆောင် မှာဖြစ်ပြီး ကာလ အတော်ကြာ ဇာတ်ကား ရိုက်ကူးမှု ရပ်နားထား ပြီးမှ အခုလို ပြန်လည် ရိုက်ကူးဖြစ်ရခြင်း နဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်း က.. “ဝိုင်းစု ဇာတ်ကား မရိုက်ကူးဖြစ်တာ ၂ နှစ်ကျော်လောက် ရှိပြီ။ “အာဘွား” စီးရီး အမ်တီဗီ ရိုက်ကတည်းက ဝိုင်းစု ဇာတ်ကားရိုက် နား လိုက် တာ။ ဂီတ ဘက်ကိုလည်း ပိုလုပ်ချင်တာကြောင့်ပါ။ အခုတော့ ပရိသတ်တွေ ကလည်း ပြန် ရိုက်စေချင်တယ်။ ပြီးတော့ ဇာတ်ကား ရိုက် စနားလိုက်တဲ့ အချိန်တုန်းကတော့ ရိုက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိသေးတော့ အလျဉ်မပြတ် ထွက်နေသေး တယ်။ အခုတော့ မထွက် တာလည်း ၆ လလောက် ရှိသွားပြီ။ ဒါကြောင့် ပရိသတ်တွေ အတွက်ပဲ အဓိက ထားပြီး ရိုက်ကူးဖြစ်တာပါ” လို့ပြောတဲ့ ဝိုင်းစု ခိုင်သိန်းက ဒီဇာတ်ကားကလည်း သူတကယ် ရိုက်ကူးချင်တဲ့ ဇာတ်မျိုးဖြစ် တာကြောင့် ရိုက်ကူးဖြစ်တာ လို့လည်း ဆိုပါတယ်။

“ဝိုင်းစု အခုနောက်ပိုင်း ဇာတ်ကား ရိုက်ကူးမယ် ဆိုရင်တော့ ကိုယ် တကယ် သဘောကျတဲ့ ဇာတ်ကောင်မျိုး ကိုပဲ ရိုက်ကူးဖြစ် မှာပါ။ နောက်ပိုင်း လည်း အရင်လို အများကြီး လျှောက်ရိုက် မှာတော့ မဟုတ်ဘဲ တစ်နှစ်နေမှ တစ်ကားလောက်ပဲ ရိုက်ရင်လည်း ရိုက်ဖြစ် မှာပါ။ အခု ဒီဇာတ်ကား က ဒါရိုက်တာက ဦးချိုင်းရှိန်ပါ။ ၈ လပိုင်းမှာ စရိုက်ပါမယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

ဝိုင်းစုခိုင်သိန်း က “ဂါ” လို့ အမည်ပေး ထားတဲ့ သူ့ရဲ့စီးရီးသစ်ကိုလည်း ၁ဝ လပိုင်းမှာ ထွက်ရှိမှာဖြစ်ပြီး စီးရီး နာမည်ကြားလိုက် တာနဲ့ ပရိသတ် ခေါင်းထဲ ဝင်သွားစေနိုင် မယ့် နာမည်မျိုးလည်း ပေးချင်တာ ကြောင့် ဒီနာမည်ကို ပေးဖြစ်တာလို့ လည်း ဆိုပါတယ်။ “လူငယ်တွေ ကြားမှာလည်း တစ် ခုခု အလွဲလွဲ အချော်ချော် လုပ်တယ်၊ ခေါင်းထဲမှာ အာရုံမရဘူး စတဲ့ ကိစ္စ တွေမှာ ဂါနေပြီလို့သုံးတယ်။ ဝိုင်းစုတို့ ကိုယ်တိုင် လည်း ပြောဖြစ် တယ်။ ပြီး တော့ ဂါရဝပြုတာ ကိုလည်း “ဂါ” လို့ ပြောကြတာ ရှိတယ်။ အဲဒီ အပေါ် မှာ မူတည်ပြီး Snare ကို ရေးခိုင်းတာပါ” လို့ ဝိုင်းစုခိုင်သိန်း က ပြောပြပါတယ်။

Credit:Popular Journal 


05 Jul 2016     1,378 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment